ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး နဝမနေ့ ကျင်းပ နေပြည်တော် ဇွန် ၁၂

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး နဝမနေ့ ကျင်းပ   နေပြည်တော် ဇွန် ၁၂

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး နဝမနေ့ကို အစီအစဉ် (၉)ခုဖြင့် ကျင်းပသည်။

ရှေးဦးစွာ နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့ထားသော နိုင်ငံ့ဝန်ထမ်းဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် လုပ်ငန်းခွင်သုံး ပေါက်ကွဲ စေတတ်သော ဝတ္ထုပစ္စည်းများဆိုင်ရာဥပဒေကြမ်းတို့နှင့်စပ်လျဉ်း၍ တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုရန် ဥပဒေကြမ်းပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုး (ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်-၃) က ဖတ်ကြားတင်ပြပြီး လွှတ်တော်၏ အဆုံးအဖြတ် ရယူသည်။

ဆက်လက်၍ ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော အခွန်အယူခံခုံအဖွဲ့ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ဒေါက်တာခွန်ဝင်းသောင်း(ကချင်ပြည်နယ်မဲဆန္ဒနယ် အမှတ်-၁၁)၊ ဦးမျိုးဝင်း (မွန်ပြည်နယ်မဲဆန္ဒနယ် အမှတ်-၈)နှင့် ဦးစိုးသိန်း(ခေါ်)ဦးမောင်စိုး(တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်-၁၀)တို့က ဆွေးနွေးသည်။

ထို့ပြင် အမျိုးသားပညာရေးမူဝါဒကော်မရှင်၏ ၆ လတာ (၂၀၁၇ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၁၈ ခုနှစ် ဧပြီလအထိ) ကာလအတွင်း လုပ်ငန်းဆောင်ရွက်ခဲ့မှုအစီရင်ခံစာနှင့်စပ်လျဉ်း၍ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်(၆)ဦးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၃)ဦး၊ စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ်(၉)ဦးတို့က ဆွေးနွေးသည်။

ထို့နောက် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး နဝမနေ့ကို (၁၂:၁၀)နာရီ အချိန်တွင် ရပ်နားလိုက်ပြီး ဒသမနေ့ကို ၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၄ ရက်(ကြာသပတေးနေ့) နံနက် ၁၀ နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။


Related Posts: