ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း ကာတာစင်တာ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ သံအမတ်ကြီးဟောင်း Ms Mary Ann Peters အား လက်ခံတွေ့ဆုံ နေပြည်တော်၊ မေ ၂၁

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ကာတာစင်တာ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ သံအမတ်ကြီးဟောင်း Ms Mary Ann Peters အား ယနေ့ နံနက် ၁၁၃၀ နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်အမှတ် (I-11) ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် အမေရိကန်အခြေစိုက်ကာတာစင်တာအား သမ္မတဟောင်း ဂျင်မီကာတာ နှင့် ဇနီးတို့မှ တည်ထောင်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းတွင် ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များကို ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့ဖြစ်ပါကြောင်း သံအမတ်ကြီးမှ ရှင်းလင်းပြောကြားခဲ့ပြီးနောက် ဥပဒေရေးရာကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးအပေါ် ကာတာစင်တာမှ အကူအညီပေးနိုင်မည့် အခြေအနေများ စသည်တို့အပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌနှင့်အတူ အဖွဲ့ဝင် ဦးတင်အောင်ချိုနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

Related Posts: