ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ နှင့် Plan International Myanmar အဖွဲ့တို့ တွေ့ဆုံပွဲကျင်းပ နေပြည်တော်၊ မေ ၁၆

ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ နှင့် Plan International Myanmar အဖွဲ့တို့ တွေ့ဆုံပွဲကျင်းပ   နေပြည်တော်၊ မေ ၁၆

ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ(၁) ဦးဇော်မင်းသည် အစိုးရမဟုတ်သော နိုင်ငံတကာအသင်းအဖွဲ့များ၏ လှုပ်ရှားမှုများကို စီမံခန့်ခွဲမှု ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ Plan International Myanmar မှ Country Director Mr.Kelly Stevenson ဦးဆောင်သောအဖွဲ့အား ၂၀၁၈ ခုနှစ်၊ မေလ ၁၆ ရက် ၁၃၃၀ နာရီအချိန်တွင် ပြည်ထောင်စုလွှတ်တော် D ဆောင်၊ ဒုတိယထပ် အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ(၁) ဦးဇော်မင်း နှင့်အတူ ဥပဒေကြမ်းပူးပေါင်းကော်မတီဝင်များဖြစ်ကြသော ဦးဝေလှိုင်ထွန်း၊ ဗိုလ်မှူးချုပ်မောင်မောင်၊ ဦးသိန်းလွင် နှင့် ဒေါ်နွယ်နွယ်အောင်၊ Plan International Myanmar မှ Country Director Mr.Kelly Stevenson နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

Related Posts: