ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး(၂၂)ရက်မြောက်နေ့ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ကတိသစ္စာပြုခြင်းနှင့် နိုင်ငံတော်သမ္မတမိန့်ခွန်း ပြောကြားခြင်းသို့တက်ရောက်လေ့လာ နေပြည်တော် မတ် ၃၀

ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး(၂၂)ရက်မြောက်နေ့ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ကတိသစ္စာပြုခြင်းနှင့် နိုင်ငံတော်သမ္မတမိန့်ခွန်း ပြောကြားခြင်းသို့တက်ရောက်လေ့လာ   နေပြည်တော် မတ် ၃၀

၂၀၁၈ ခုနှစ်၊ မတ်လ ၃၀ ရက် နံနက် ၁၀၀၀ နာရီတွင် ကျင်းပပြုလုပ်သည့် ဒုတိယ အကြိမ်ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၂)ရက်မြောက်နေ့၌ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ကတိသစ္စာပြုခြင်းနှင့် နိုင်ငံတော်သမ္မတမိန့်ခွန်းပြောကြားခြင်းတို့ကို ပြည်ထောင်စု လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ယနေ့တွင် နိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခြင်းခံထားရသည့် ဦးဝင်းမြင့်၊ ဒုတိယသမ္မတများ အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံထားရသည့် ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူ တို့က ပြည်ထောင်စုလွှတ်တော်နာယကရှေ့မှောက်တွင် ကတိသစ္စာပြုကြပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် က ပြည်ထောင်စုလွှတ်တော်တွင် မိန့်ခွန်းပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ လေ့လာသူများအဖြစ် နိုင်ငံတော်ဒုတိယသမ္မတ(၂)၏ ဇနီးနှင့် မိသားစု၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးနှင့်ဇနီး၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ပြည်ထောင်စုလွှတ်တော်ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၏ဇနီး၊ လွှတ်တော် ကိုယ်စားလှယ်များမှတဆင့် လာရောက်လေ့လာကြသည့် သက်ဆိုင်ရာမဲဆန္ဒနယ်မှ ပြည်သူများ၊ မြစ်ကြီးနားတက္ကသိုလ် ဥပဒေပညာဌာနမှ ဆရာ/ဆရာမများနှင့်ကျောင်းသား/သူများ စုစုပေါင်း (၄၉၄) ဦး တက်ရောက်ကြောင်းသတင်းရရှိသည်။

Related Posts: