ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၂)ရက်မြောက်နေ့ ကျင်းပ နေပြည်တော် မတ် ၃၀

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၂)ရက်မြောက်နေ့ ကျင်းပ   နေပြည်တော် မတ် ၃၀

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၂)ရက်မြောက်နေ့ကို အစီအစဉ်(၁၀)ခုဖြင့် ကျင်းပသည်။

ရှေးဦးစွာ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူများက ပြည်ထောင်စုလွှတ်တော် နာယက၏ ရှေ့မှောက်၌ ကတိသစ္စာပြုကြသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ မိန့်ခွန်းပြောကြားပြီးနောက် နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းကို လွှတ်တော်က မှတ်တမ်းတင်သည်။

ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူရမည့် အမျိုးဇာတ် ပျက်ယွင်းခြင်းမှ ဖယ်ရှားသည့်အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လွှတ်တော်က မှတ်တမ်းတင်သည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန်အစည်းအဝေးကာလ ဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၂)ရက်မြောက်နေ့ အစီအစဉ်ပြီးဆုံးကြောင်းနှင့် (၁၃၇၉ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက်) ၂၀၁၈ ခုနှစ်၊ မတ်လ ၃၀ ရက် (သောကြာနေ့) ၁၀:၃၀ ချိန်တွင် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး အောင်မြင်စွာ ပြီးမြောက်ကြောင်း ကြေညာသည်။

Related Posts: