အာဆီယံပါလီမန်များညီလာခံဆိုင်ရာ ပူးပေါင်းကော်မတီအစည်းအဝေး (၆/၂၀၁၈) ကျင်းပ နေပြည်တော် မတ် ၂၉

အာဆီယံပါလီမန်များညီလာခံဆိုင်ရာ ပူးပေါင်းကော်မတီအစည်းအဝေး (၆/၂၀၁၈) ကျင်းပ   နေပြည်တော် မတ် ၂၉

အာဆီယံပါလီမန်များညီလာခံဆိုင်ရာ ပူးပေါင်းကော်မတီအစည်းအဝေး (၆/၂၀၁၈) ကို ၂၀၁၈ ခုနှစ်၊ မတ်လ ၂၉ ရက်၊ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်၊ လွှတ်တော်ဝင်းရှိ ဇမ္ဗူသီရိခန်းမဆောင်၊ အပေါ်ထပ်၊ လွှတ်တော်သင်ကြားရေးဗဟိုဌာန၊ အခန်းအမှတ် (၇) ၌ ကျင်းပခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ အာဆီယံပါလီမန်များညီလာခံဆိုင်ရာ ပူးပေါင်းကော်မတီဥက္ကဋ္ဌ ဦးဇော်သိန်းနှင့် ပူးပေါင်းကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး အာဆီယံပါလီမန်များညီလာခံဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။

Related Posts: