ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၁)ရက်မြောက်နေ့ ကျင်းပ နေပြည်တော် မတ် ၂၉

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၁)ရက်မြောက်နေ့ ကျင်းပ   နေပြည်တော် မတ် ၂၉

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၁)ရက်မြောက်နေ့ကို အစီအစဉ်(၈)ခုဖြင့် ကျင်းပသည်။

ရှေးဦးစွာ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ပေးပို့သော ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေနှင့်စပ်လျဉ်းသည့် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာ အပေါ် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၅/၂၀၁၈) အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး စာရင်းစစ်ချုပ် ဦးမော်သန်း နှင့် ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးလုပ်ငန်းဗဟိုကော်မတီ အတွင်းရေးမှူး ဒေါက်တာစိုင်းဆိုင်ကျောက်ဆမ် (ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်-၆) တို့ က ပြန်လည်ရှင်းလင်း ဆွေးနွေးသည်။

အဆိုပါ အစီရင်ခံစာ (၅/၂၀၁၈) ကို လွှတ်တော်က သဘောတူလက်ခံရန် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ အဖွဲ့ဝင် ဦးဘိုကြီး(ချောက်မဲဆန္ဒနယ်) က အဆိုတင်သွင်းပြီး လွှတ်တော်၏ အတည်ပြုချက်ရယူသည်။

ထို့နောက် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၁)ရက်မြောက်နေ့ကို (၁၃:၅၀)နာရီ အချိန်တွင် ရပ်နားလိုက်ပြီး (၂၂)ရက်မြောက်နေ့ကို ၂၀၁၈ ခုနှစ်၊ မတ်လ ၃၀ ရက်(သောကြာနေ့) နံနက် ၁၀ နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

Related Posts: