ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဥက္ကဋ္ဌ ဦးအေးသာအောင် နော်ဝေနိုင်ငံသံအမတ်ကြီး H.E MS. TONE TINNES အား လက်ခံတွေ့ဆုံ နေပြည်တော် ဖေဖော်ဝါရီ ၇

ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဥက္ကဋ္ဌ ဦးအေးသာအောင် နော်ဝေနိုင်ငံသံအမတ်ကြီး H.E MS. TONE TINNES အား လက်ခံတွေ့ဆုံ နေပြည်တော် ဖေဖော်ဝါရီ ၇
ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဥက္ကဋ္ဌ ဦးအေးသာအောင်သည် ရန်ကုန်မြို့၊ နော်ဝေနိုင်ငံသံအမတ်ကြီး H.E Ms. Tone Tinnes အား ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်(အင်္ဂါနေ့)၊ ၁၄၀၀ နာရီတွင် ပြည်ထောင်စုလွှတ်တော် (D-ဆောင်)၊ ပထမထပ် အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

 ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား လွှတ်တော်ချင်း ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

 တွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ တက်ရောက်ကြပါသည်။

Related Posts: