ဘတ်ဂျက်စိစစ်ခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပ နေပြည်တော် ဖေဖော်ဝါရီ ၁၂

ဘတ်ဂျက်စိစစ်ခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပ နေပြည်တော် ဖေဖော်ဝါရီ ၁၂
ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီနှင့် Mizzima Media Group တို့ပူးပေါင်း၍ “ဘတ်ဂျက်စိစစ်ခြင်းအလုပ်ရုံဆွေးနွေးပွဲ”ကို ယနေ့နံနက် ၀၉၀၀ နာရီတွင် လွှတ်တော်ဝင်း၊ သဘင်ဆောင်၌ ကျင်းပသည်။
အဆိုပါဆွေးနွေးပွဲတွင် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ-၂ ကအဖွင့်အမှာ စကားပြောကြားပြီး ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ကော်မတီများ လွှတ်တော်ကိုယ်စားလှယ်များ၊ Mizzima Media Group နှင့် ပြည်ထောင်စု လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်သည်။
ဘတ်ဂျက်စိစစ်ခြင်းဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ Mizzima Media Group မှ Mr. Srinivas Kumar Alamuru က ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသည့် လွှတ်တော် ကိုယ်စားလှယ်များမှ ပြန်လည်ဆွေးနွေးသည်။

Related Posts: