ဒုတိယအကြိမ် လွှတ်တော်အသီးသီး၏သတ္တမပုံမှန်အစည်းအဝေးများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော် ဇန်နဝါရီ ၉

ဒုတိယအကြိမ် လွှတ်တော်အသီးသီး၏သတ္တမပုံမှန်အစည်းအဝေးများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ   နေပြည်တော် ဇန်နဝါရီ ၉

ဒုတိယအကြိမ် လွှတ်တော်အသီးသီး၏ သတ္တမပုံမှန်အစည်းအဝေးများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ ဇမ္ဗူသီရိဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ၂၀၁၈ခုနှစ်၊ လွှတ်တော်အစည်းအဝေးများကျင်းပရေး ဗဟို ကော်မတီနာယက၊ ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ဒုတိယအကြိမ်လွှတ်တော်အသီးသီး၏ သတ္တမပုံမှန်အစည်းအဝေးများကို ၂၀၁၈ ဇန်နဝါရီလ ၁၅ ရက်တွင်ကျင်းပရန် ကြေညာထားပြီးဖြစ်ကြောင်း၊ ယခုကျင်းပမည့် လွှတ်တော်အစည်းအဝေးတွင် ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ(၆) လ အမျိုးသား စီမံကိန်းဥပဒေကြမ်း၊ ၂၀၁၈ ခုနှစ်၊ ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်း နဲ့ ၂၀၁၈ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းတို့အား အတည်ပြုပြဋ္ဌာန်း နိုင်ရေးအပါအဝင် အခြားဦးစားပေးရမယ့် လွှတ်တော်ဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ယခင်ကျင်းပပြီးစီးခဲ့သည့် ပုံမှန်အစည်းအဝေးများကို တာဝန်ရှိပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ အားလုံးပူးပေါင်းဆောင်ရွက်ပေးခဲ့သည့်အတွက် အောင်အောင်မြင်မြင်နှင့် ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း၊ အရေးကြီးဆုံးဖြစ်တဲ့ လုံခြုံရေးကိစ္စအပါအဝင် အခြားကိစ္စရပ်များကို ယခင်လွှတ်တော်အစည်းအဝေးများကဲ့သို့ ဆောင်ရွက်ထားပြီးဖြစ်မည်ဟု ယုံကြည် ပါကြောင်းပြောကြားသည်။

ထို့နောက် လွှတ်တော်အစည်းအဝေးများကျင်းပရေး ဗဟိုကော်မတီနာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ကျင်းပပြုလုပ်ခဲ့သည့် လွှတ်တော်ပုံမှန်အစည်းအဝေး များတွင် ဝန်ကြီးဌာနအသီးသီးအနေဖြင့် လွှတ်တော်နှင့်နားလည်မှုရှိစွာ ပူးပေါင်းဆောင်ရွက် ပေးခဲ့သည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊ လွှတ်တော်လုံခြုံရေးနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ဝန်ကြီးဌာနအဖွဲ့အစည်းများက အလေးထားဆောင်ရွက်ပေးလျက်ရှိသည်ကိုလည်း အထူးအသိအမှတ်ပြုပါကြောင်း၊ တက်ရောက်လာကြသည့် ဌာနအဖွဲ့အစည်းအသီးသီးမှဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများကို ကျေးဇူးတင်ရှိကြောင်းနှင့် လွှတ်တော်နှင့် အပြန်အလှန် နားလည်မှုရှိခြင်းသည်လည်း ကောင်းမွန်သည့် အစဉ်အလာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာလုပ်ငန်း ကော်မတီအလိုက် စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်သူလွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်ထောင်စုလွှတ်တော်နာယကတို့က ဆွေးနွေးတင်ပြချက်များ အပေါ်ဖြည့်စွက်ဆွေးနွေး၍ နိဂုံးချုပ်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်နာယကနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ပြည်ထောင်စုလွှတ်တော်ဒုတိယ နာယကနှင့် အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်သူ့လွှတ်တော်ဒုတိယ ဥက္ကဋ္ဌဦးတီခွန်မြတ်၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး၊ သက်ဆိုင်ရာလုပ်ငန်း ကော်မတီအတွင်းရေးမှူးများ၊ လွှတ်တော်ရုံးအသီးသီးမှ တာဝန်ရှိ သူများတက်ရောက်ကြသည်။

Related Posts: