ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ ကျင်းပ နေပြည်တော်၊ နိုဝင်ဘာ ၉

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ ကျင်းပ   နေပြည်တော်၊ နိုဝင်ဘာ ၉

  ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို အစီအစဉ် (၁၀)ခုဖြင့် ကျင်းပသည်။

ရှေးဦးစွာ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပူးပေါင်းကော်မတီများ၏ သုံးသပ်ချက်အစီရင်ခံစာပါ မူနှင့်အခြေခံသဘောအကြောင်းအရာများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ မူနှင့်အခြေခံသဘော ဆွေးနွေးခြင်းများ အပေါ် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး၊ ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့မှ ပြန်လည် ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော သင်္ဘောများမှ မောင်းဆီ (လောင်စာဆီ) ယိုဖိတ်မှုကြောင့် ညစ်ညမ်းပျက်စီးခြင်းအတွက် တရားမကြောင်းအရ ပေးလျော်ရန် တာဝန်ရှိမှု အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ၂၀၀၁ တွင် မြန်မာနိုင်ငံမှ ပါဝင် လက်မှတ်ရေးထိုးရေးကိစ္စနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး က လွှတ်တော်သို့ ရှင်းလင်းတင်ပြပြီး အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်ရှိပါက ၁၄-၁၁-၂၀၁၇ ရက် (အင်္ဂါနေ့) မွန်းလွဲ (၁၃၀၀) နာရီ နောက်ဆုံးထားပြီး အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော သင်္ဘောသားများ၏ သက်သေခံ အထောက်အထားများဆိုင်ရာ ကွန်ဗင်းရှင်း(ပြင်ဆင်ချက်) ၂၀၀၃၊ နံပါတ် (၁၈၅)တွင် မြန်မာနိုင်ငံမှ အတည်ပြုလက်မှတ်ရေးထိုးရေးကိစ္စနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး က လွှတ်တော်သို့ ရှင်းလင်းတင်ပြပြီး အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ၁၄-၁၁-၂၀၁၇ ရက် (အင်္ဂါနေ့) မွန်းလွဲ (၁၃၀၀) နာရီ နောက်ဆုံးထားပြီး အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ၁၂:၃၀ နာရီတွင် ရပ်နားလိုက်ပြီး သတ္တမနေ့ကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက် (သောကြာနေ့) နံနက် ၁၀ နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

Related Posts: