ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း ကချင်ပြည်နယ် ခရစ်ယာန်ဂိုဏ်းဂဏပေါင်းစုံမှကိုယ်စားလှယ်များပါဝင်သော အဖွဲ့အား လက်ခံတွေ့ဆုံ နေပြည်တော်၊ နိုဝင်ဘာလ ၁

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း   ကချင်ပြည်နယ် ခရစ်ယာန်ဂိုဏ်းဂဏပေါင်းစုံမှကိုယ်စားလှယ်များပါဝင်သော အဖွဲ့အား လက်ခံတွေ့ဆုံ   နေပြည်တော်၊ နိုဝင်ဘာလ ၁

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ကချင်ပြည်နယ်ခရစ်ယာန်ဂိုဏ်းဂဏပေါင်းစုံမှ ကိုယ်စားလှယ်များ ပါဝင်သောအဖွဲ့အား ယနေ့နံနက် ၁၀ဝ၀ နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အမှတ် (I-1) ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် တက်ရောက်လာသည့် ကချင်ပြည်နယ်မှ ကိုယ်စားလှယ်များက ကချင် ပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် မူးယစ်ဆေးဝါးအန္တရာယ်၊ လူငယ်လူလတ်များ မူးယစ်ဆေးဝါး သုံးစွဲနေမှုအခြေအနေ၊ ဖြစ်ပေါ်ကြုံတွေ့နေရသော လူမှုရေးအခက်အခဲများနှင့် ယင်းတို့ကို ကာကွယ်နိုင်မည့်အခြေအနေများအား သက်ဆိုင်ရာဥပဒေများအတွင်း ထည့်သွင်းပြဋ္ဌာန်းနိုင်ရေး တို့အတွက် ရည်ရွယ်၍ ရှင်းလင်းအကြံပြု တင်ပြကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ အထူးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်အတူ အတွင်းရေးမှူး ဦးခင်မောင်ထွန်းနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ စိန်ဂလုံဘန် ဘုရားကျောင်းမှ ဘုန်းတော်ကြီး ဒေါက်တာဂျိုးဇက်ဂေါ့လူယုံဝါ၊ ဒူကထောင်ရပ်ကွက်မှ ဆရာတော် ဦးအင်ခွမ်တန်ဂွန်း၊ ဝိုင်းမော်မြို့မှ သိက္ခာတော်ရဆရာတော် ဦးဖလလွမ်းခေါင်၊ ဦးအင်ဒိန်လဂျာ၊ မြစ်ကြီးနားမြို့မှ ဦးတန်ရော်၊ ဦးနော်ခုန့်၊ တနိုင်းမြို့မှ ဦးနော်တောင်၊ လားရှိုးမြို့မှ သိက္ခာတော်ရ ဆရာတော်ဦးနော်လီ၊ ကွတ်ခိုင်မြို့မှ ဆရာမဒေါ်ထန်းဒင့်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ဒွဲဘူနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးခက်ထိန်နန်တို့ တက်ရောက်ကြသည်။

Related Posts: