လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁၁၅/၂၀၁၇) ကျင်းပ

လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁၁၅/၂၀၁၇) ကျင်းပ

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်၏ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁၁၅/၂၀၁၇) ကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့၊ နံနက် ဝ၉၀ဝ နာရီ အချိန်တွင် လွှတ်တော်ရေးရာဆောင်အမှတ် (I-1) အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ အထူးကော်မရှင်ဥက္ကဋ္ဌသူရဦးရွှေမန်း၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဒေါက်တာအောင်ခင်၊ ဒေါက်တာသန်းဝင်း၊ အတွင်းရေးမှူးဦးခင်မောင်ထွန်းနှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဥပဒေရေးရာကိစ္စရပ်များ၊ နိုင်ငံတကာရေးရာကိစ္စရပ်များ၊ ကော်မရှင်တွင် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းရပ်များစသည်တို့အပေါ် ဆွေးနွေးကြသည်။  

Related Posts: