ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ ငွေကြေးဆိုင်ရာသုံးသပ်ချက်အစီရင်ခံစာ(မူကြမ်း) နှင့်စပ်လျဉ်း၍ အစည်းအဝေးကျင်းပ နေပြည်တော် အောက်တိုဘာ ၂၉

ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ ငွေကြေးဆိုင်ရာသုံးသပ်ချက်အစီရင်ခံစာ(မူကြမ်း) နှင့်စပ်လျဉ်း၍ အစည်းအဝေးကျင်းပ   နေပြည်တော် အောက်တိုဘာ ၂၉

၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေကြမ်းအပေါ် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ ငွေကြေးဆိုင်ရာသုံးသပ်ချက်အစီရင်ခံစာ (၁၂/၂၀၁၇)(မူကြမ်း)နှင့်စပ်လျဉ်းသည့် အစည်းအဝေးကို ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက် (တနင်္ဂနွေနေ့) ၁၃၀၀ နာရီတွင် ပြည်ထောင်စုလွှတ်တော် (D-ဆောင်)၊ ပထမထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ ငွေကြေးဆိုင်ရာသုံးသပ်ချက်အစီရင်ခံစာ(၁၂/၂၀၁၇)ကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြနိုင်ရန် အစီရင်ခံစာ(မူကြမ်း)အား အတည်ပြုကြသည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဥက္ကဋ္ဌ ဦးအေးသာအောင်၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ကော်မတီဝင်များနှင့် ပြည်ထောင်စု လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

Related Posts: