အမည် ဦးခွန်မောင်သောင်း
မွေးသက္ကရာဇ် 05-03-1950
ကျား/မ ကျား
လူမျိုး ပအို့ဝ်
ကိုးကွယ်သည့် ဘာသာ ဗုဒ္ဓ
ယခင်အလုပ်အကိုင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ပညာအရည်အချင်း B.A (ပထဝီ)
ရွေးကောက်ခံရသည့် လွှတ်တော် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်
ပါတီအမည် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ
အဖအမည် ဦးပဲ(ကွယ်လွန်)
လွှတ်တော်အမတ်အဖြစ် စတင် ထမ်းဆောင်သည့် နေ့ရက် 01-01-2016
လိပ်စာ န/၁၃၂၊ စကားဝါလမ်း၊ မင်္ဂလာကွက်သစ်ရပ်၊ ပင်လောင်းမြို့
ကိုယ်ရေးအကျဉ်း ငယ်စဉ်က အခြေခံပညာကို ၁၉၆၀မှ ၁၉၆၇အထိ ကြံခင်းမြို့နယ်၊ မျောက် ချောကုန်း အ.လ.ကတွင်လည်းကောင်း၊ ၁၉၆၇မှ ၁၉၆၉အထိ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့ အ.ထ.ကတွင် လည်းကောင်း၊ ၁၉၆၉မှ ၁၉၇၃ထိ ပုသိမ်ကောလိပ်နှင့် ရန်ကုန်တက္ကသိုလ်တို့တွင်လည်းကောင်း ပညာသင်ကြားခဲ့ပြီး ပထဝီဝင်အထူးပြုဖြင့် ဝိဇ္ဇာဘွဲ့ရရှိခဲ့ပါသည်။ သ/မ ဦးစီးစာရင်းစစ် အဖြစ်လည်းကောင်း၊ မြို့နယ်တရားသူကြီးအဖြစ် လည်းကောင်း၊ ပြည်သူ့ကောင်စီအဆင့်ဆင့်တွင် မြို့နယ်အတွင်းရေးမှူးနှင့် ဥက္ကဋ္ဌ တာဝန်များထမ်းဆောင်ခဲ့ပါသည်။မဆလခေတ်တွင် ပါတီစိတ်မှူးအဖြစ်လည်းကောင်း ပါတီစုံဒီမိုကရေစီစနစ်တွင် ကြံ့ခိုင်ရေးအတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်(PNO)တွင် အတွင်းရေးမှူး(၃)နှင့် ဒုတိယဥက္ကဋ္ဌအဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့ပါသည်။ ၁၉၈၈မှ ၂၀၁၀အထိ ကုန်သည်အဖြစ်လည်းကောင်း၊ စာသင်တိုက်တည်ထောင်ခြင်း၊ စာပေနှင့်ယဉ်ကျေးမှုလုပ်ငန်းများ၊ မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ဂေါပက၊ ရပ်မိရပ်ဖစသည့် လူမှုရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၁ခုနှစ်မှ ၂၀၁၆ခုနှစ်၊ ဇန်နဝါရီလအထိ ပင်လောင်းမြို့နယ်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။