အမည် ဦးခွန်သန်းထူး
မွေးသက္ကရာဇ် 20-08-1965
ကျား/မ ကျား
လူမျိုး ပအို့ဝ်
ကိုးကွယ်သည့် ဘာသာ ဗုဒ္ဓ
ယခင်အလုပ်အကိုင် ကုန်သည်၊ ခြံ၊ ဥယျာဉ်
ပညာအရည်အချင်း B.Sc (Zoology)
ရွေးကောက်ခံရသည့် လွှတ်တော် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်
ပါတီအမည် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)
အဖအမည် ဦးစံအေး
လွှတ်တော်အမတ်အဖြစ် စတင် ထမ်းဆောင်သည့် နေ့ရက် 01-01-2016
လိပ်စာ အမှတ်(၁)၊ ပြည်ထောင်စုလမ်း၊ မင်္ဂလာရပ်ကွက်၊ ဆိုက်ခေါင်၊ ဆီဆိုင်မြို့နယ်
ကိုယ်ရေးအကျဉ်း သူငယ်တန်းမှ တတိယတန်းအထိ အ.မ.က လွယ်ပွတ်၊ စတုတ္ထတန်းမှ ပဉ္စမတန်းအထိ အ.လ.က(၅)တောင်ကြီး၊ ဆဋ္ဌမတန်းတွင် အ.လ.က(တွဲ)လွယ်ပွတ်၊ သတ္တမတန်းမှ ဒသမတန်းအထိ အ.ထ.က(၄) အင်းစိန်၊ ပထမနှစ်မှ ဒုတိယနှစ် အထိ လှိုင်တက္ကသိုလ်၊ တတိယနှစ်မှ စတုတ္ထနှစ်အထိ ရန်ကုန်တက္ကသိုလ်တွင် ပညာ သင်ကြားခဲ့ပြီး ၁၉၉၁ တွင် B.Sc(Zoology)ဘွဲ့ရရှိခဲ့ပါသည်။ ၁၉၉၅ ခုနှစ်မှ ၁၉၉၉ ခုနှစ်အထိ ပါလောပါကယ်ကျေးရွာအုပ်စု၊ ရဝတ အဖွဲ့ဝင်(၁)၊ ရယကအဖွဲ့ဝင်(၁)အဖြစ် ထမ်းဆောင်ခဲ့ပါသည်။ ၁၉၉၉-၂၀၁၀ ပြည်ခိုင်ဖြိုးအသင်းမြို့နယ်အတွင်းရေးမှူး၊ ပြည်နယ်EC၊ ၂၀၁၀-၂၀၁၅နှစ်စပိုင်း အထိ ပြည်ခိုင်ဖြိုးပြည်နယ်ကော်မတီဝင်၊ ၂၀၁၃ မှ ယနေ့ထိ ဆီဆိုင်မြို့နယ် ဖွံ့/ထောက်ဥက္ကဋ္ဌ၊ ၁၉၉၇ မှ ယခုအထိ အ.ထ.ကကျောင်း အကျိုးတော်ဆောင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပါသည်။