အမည် ဒေါ်မာမာခိုင်
မွေးသက္ကရာဇ် 20-04-1961
ကျား/မ
လူမျိုး ပအို့ဝ် ဗမာ
ကိုးကွယ်သည့် ဘာသာ ဗုဒ္ဓ
ယခင်အလုပ်အကိုင် တရားလွှတ်တော်ရှေ့နေ
ပညာအရည်အချင်း LL.B
ရွေးကောက်ခံရသည့် လွှတ်တော် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်
ပါတီအမည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
အဖအမည် ဦးကောက်
လွှတ်တော်အမတ်အဖြစ် စတင် ထမ်းဆောင်သည့် နေ့ရက် 01-01-2016
လိပ်စာ အမှတ်(၄၁၂)၊ အုန်းတောလမ်း၊ အောက်ကျင်းရပ်၊ သထုံမြို့
ကိုယ်ရေးအကျဉ်း ငယ်စဉ်ကအခြေခံပညာကို အ.မ.က၊ နတ်စင်ကုန်းတွင် မူလတန်းနှင့် အ.ထ.က(၂)၊ သထုံတွင် အလယ်တန်းနှင့် အထက်တန်းပညာတို့ကုိ သင်ယူခဲ့သည်။ မော်လမြိုင်အဝေးသင်တက္ကသိုလ်တွင် ဥပဒေအထူးပြုဘွဲ့ရရှိသည်။ ၁၉၈၀ ခုနှစ်မှ ၁၉၈၅ ခုနှစ်အထိ သထုံဆောက်လုပ်ရေးကော်ပိုရေးရှင်းတွင် လုပ်ငန်းပြဝန်ထမ်းအဖြစ်လည်းကောင်း၊ ၁၉၈၉ခုနှစ်တွင် အထက်တန်းရှေ့နေအဖြစ် လည်းကောင်း၊ ၁၉၉၉ ခုနှစ်မှ ယနေ့ထိ တရားလွှတ်တော်ရှေ့နေအဖြစ် လုပ်ကိုင် ခဲ့သည်။ ရပ်ကွက်ကြက်ခြေနီအဖွဲ့၊ မြို့နယ်လမ်းစဉ်လူငယ်အဖွဲ့၊ ရပ်ကွက်သာရေး နာရေးလူမှုရေးလုပ်ငန်းများအဖြစ်လည်းကောင်း၊ ၁၉၈၈ ခုနှစ်တွင် သထုံမြို့နယ် NLD ပါတီ၏ အလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ၂၀၁၂ ခုနှစ်တွင် NLD ပါတီပြန်လည်ဖွဲ့စည်းပြီးနောက် မြို့နယ်ညီလာခံကျင်းပရေးကော်မရှင်အဖွဲ့ဝင် အဖြစ်လည်းကောင်း၊ ယနေ့ထိ သထုံမြို့နယ် NLD ပါတီအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌနှင့် ပြည်နယ်ဥပဒေအထောက်အကူပြု အဖွဲ့ဝင်အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။