အမည် ဦးကျော်မင်း
မွေးသက္ကရာဇ် 20-06-1961
ကျား/မ ကျား
လူမျိုး ဗမာ
ကိုးကွယ်သည့် ဘာသာ ဗုဒ္ဓ
ယခင်အလုပ်အကိုင် ဆန်စက်လုပ်ငန်း
ပညာအရည်အချင်း B.Sc (Maths)
ရွေးကောက်ခံရသည့် လွှတ်တော် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်
ပါတီအမည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
အဖအမည် ဦးချစ်
လွှတ်တော်အမတ်အဖြစ် စတင် ထမ်းဆောင်သည့် နေ့ရက် 01-01-2016
လိပ်စာ အမှတ်(၁၈)၊ ဘီးလင်းတန်းလမ်း၊ ဘီးလင်းတန်းရပ်ကွက်၊ လက်ပံတန်းမြို့
ကိုယ်ရေးအကျဉ်း အ.မ.က ကမ်းနားစု၊ အ.လ.က(မြို့မ)၊ အ.ထ.က(ခွဲ) ဖိုးခေါင်စု၊ အ.ထ.က(၂) လက်ပံတန်းတို့တွင် အခြေခံပညာသင်ကြားခဲ့သည်။ ထို့နောက် ဒေသကောလိပ် (လှိုင်)၊ ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်တွင် ပညာဆက်လက်သင်ကြားခဲ့ပြီး B.Sc(Maths)ဘွဲ့ကို ရရှိခဲ့သည်။ အကျဉ်းဦးစီးရုံးချုပ်(ရွာမ)တွင် စာရေးဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင် ခဲ့သည်။ ၁၉၈၈ ခုနှစ်မှစ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ဗဟိုကော်မတီဝင် အဖြစ် အဆင့်ဆင့်တာဝန် ထမ်းဆောင်ခဲ့ပါသည်။