အမည် ဒေါက်တာဝင်းအောင်
မွေးသက္ကရာဇ် 15-10-1958
ကျား/မ ကျား
လူမျိုး ဗမာ
ကိုးကွယ်သည့် ဘာသာ ဗုဒ္ဓ
ယခင်အလုပ်အကိုင် ကိုယ်ပိုင်ဆေးခန်း
ပညာအရည်အချင်း M.B.B.S
ရွေးကောက်ခံရသည့် လွှတ်တော် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်
ပါတီအမည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
အဖအမည် ဦးခင်အောင်
လွှတ်တော်အမတ်အဖြစ် စတင် ထမ်းဆောင်သည့် နေ့ရက် 01-01-2016
လိပ်စာ အောင်ချမ်းသာရပ်ကွက်၊ ခင်ဦးမြို့
ကိုယ်ရေးအကျဉ်း အခြေခံပညာကို ၁၉၆၄ မှ ၁၉၆၉ ထိ ကိုးတောင်ဘို့မူလတန်းကျောင်း၊ ၁၉၆၉ မှ ၁၉၇၃ ထိ ကောလင်းအလယ်တန်းကျောင်း၊ ၁၉၇၃ မှ ၁၉၇၅ ထိ ကောလင်းအထက််တန်းကျောင်းတို့တွင် ပညာသင်ကြားခဲ့ပြီး တက္ကသိုလ်ပညာကို ၁၉၇၆ မှ ၁၉၈၂ ထိ မန္တလေးဆေးတက္ကသိုလ်တွင် တက်ရောက်ခဲ့ပြီး M.B.B.Sဘွဲ့ရရှိခဲ့ ပါသည်။ ၁၉၈၄ ခုနှစ််တွင် ခင်ဦးမြို့နယ် သမဝါယမအသင်းမှ ဖွင့်လှစ်သော ဂွေးကုန်းရွာ သ/မဆေးခန်းတွင် တာဝန်ခံဆရာဝန်အဖြစ်လည်းကောင်း၊ ၁၉၈၅ မှ ၁၉၈၆ ထိ နမ့်စီးအောင်ကျေးရွာတွင် ကိုယ်ပိုင်ဆေးခန်းဖွင့်လှစ်၍လည်းကောင်း၊ ၁၉၈၆ မှ ၁၉၉၁ ထိ ခင်ဦးမြို့နယ် သ/မ ဆေးခန်းတွင် တာဝန်ခံဆရာဝန်အဖြစ်လည်းကောင်း၊ ၁၉၉၁ မှ ယနေ့အထိ ကိုယ်ပိုင်ဆေးခန်း ဖွင့်လှစ်ထားပါသည်။ ၁၉၈၈ ခုနှစ်၊ အောက်တိုဘာလတွင် အဖွဲ့ချုပ်စတင်တည်ထောင်ချိန်မှစ၍ ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ ၁၉၉၁ ထိ ဘဏ္ဍာရေးမှူးတာဝန်နှင့် ၁၉၉၁ မှ စတင်၍ ယနေ့အထိ မြို့နယ်ဥက္ကဋ္ဌတာဝန် ထမ်းဆောင်ခဲ့ပါသည်။ ယခုအချိန်တွင် ဗဟိုကော်မတီဝင်နှင့် တိုင်းကျန်းမာရေး အဖွဲ့ဝင်အဖြစ် ဆောက်ရွက်လျက်ရှိပါသည်။ ၂၀၁၂ ခုနှစ်မှစတင်၍ အမေ့အိမ်ပညာဒါနကျောင်း စတင်တည်ထောင်ခဲ့ပါသည်။ ကျန်းမာရေးကွန်ယက်၊ စစ်ကိုင်းတိုင်းတာဝန်ခံ (စုမေတ္တာဆေးခန်း)၊ ရွှေဘိုငလျင်ဘေး၊ ၂၀၁၅ ခုနှစ်တွင် ရေကြီးနစ်မြုပ်ခြင်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ ၂၀၀၃ ခုနှစ်၊ မေလ ၃၀ ရက် ဒီပဲယင်းအရေးအခင်းတွင် (၅)ည အချုပ်ဖြင့် ကလေးထောင်တွင် (၇)လခွဲ ထိန်းသိမ်းခံခဲ့ရပြီး ၂၀၀၄ ဇန်နဝါရီ (၁၆)ရက်တွင် ပြန်လည် လွတ်မြောက်လာခဲ့သည်။ ၂၀၀၅ ခုနှစ်၊ ဇူလိုင်(၆)ရက်နေ့ ဖမ်းခံရပြီး ဇူလိုင်(၈) ရက်နေ့တွင် ရွှေဘိုအကျဥ်းထောင်တွင် ဦးနေဝင်းရှုပ်သမျှစာအုပ်မှုဖြင့် ပုံနှိပ် ဥပဒေပုဒ်မ ၂၀ ဖြင့် (၇)နှစ်၊ ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၀၃ ခုနှစ် မိုးကုတ် ခရီးစဉ် ဗီဒီယိုခွေမှုဖြင့် ၃၂(ခ) အရ ထောင်ဒဏ် (၃)နှစ် ပေါင်း(၁၀)နှစ် ကျခံခဲ့ရပြီး ထောင်ထဲရောက်ပြီး (၁၀)လအကြာ ၂၀၀၆ ခုနှစ်၊ မေလ(၁၀)ရက်နေ့တွင် နိုင်ငံရေး ဥပဒေပုဒ်မ ၅(ည)ဖြင့် (၇)နှစ် ထပ်တိုးချမှတ်ခံခဲ့ရသည်။ စုစုပေါင်း (၁၇) နှစ် ကျခံခဲ့ရပြီး ထောင်ထဲရောက်ပြီး (၆)နှစ်(၇)လအကြာ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ (၁၃)ရက်နေ့တွင် နိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်ခဲ့ ပါသည်။