အမည် ဦးဇာနည်မင်း
မွေးသက္ကရာဇ် 20-03-1975
ကျား/မ ကျား
လူမျိုး ဗမာ
ကိုးကွယ်သည့် ဘာသာ ဗုဒ္ဓ
ယခင်အလုပ်အကိုင် ကုန်သည်
ပညာအရည်အချင်း B.A(Philosophy-Q),(Dip in International Relation),(Dip in Political Management), (LL.B 1st Years)
ရွေးကောက်ခံရသည့် လွှတ်တော် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်
ပါတီအမည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
အဖအမည် ဦးကြင်မောင်ဝင်း
လွှတ်တော်အမတ်အဖြစ် စတင် ထမ်းဆောင်သည့် နေ့ရက် 01-01-2016
လိပ်စာ မြို့ကုန်းရပ်၊ အမှတ်(၃)ရပ်ကွက်၊ရွှေကူမြို့
ကိုယ်ရေးအကျဉ်း ၁၉၈၀ ခုနှစ်မှ ၁၉၈၆ ခုနှစ်အထိ အ.မ.က(၃) ရွှေကူမြို့တွင်လည်းကောင်း၊ ၁၉၈၆ ခုနှစ်မှ ၁၉၉၃ ခုနှစ်အထိ အ.ထ.က(၁)ရွှေကူမြို့တွင်လည်းကောင်း၊ ၁၉၉၃ ခုနှစ်မ ၁၉၉၉ ခုနှစ်အထိ မန္တလေးတက္ကသိုလ်တွင်လည်းကောင်း၊ ၂၀၁၃ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ရန်ကုန်တက္ကသိုလ်တွင်လည်းကောင်း ပညာသင်ကြားခဲ့ပါသည်။ စာအုပ်အငှားဆိုင်၊ ဆေးရောင်းဝယ်ရေး၊ ဆိုင်ကယ်ပစ္စည်းရောင်းဝယ်ရေး၊ စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းများကိုလည်း လုပ်ကိုင်ခဲ့ပါသည်။ နိုင်ငံရေး၊ လူမှုရေးဆောင်ရွက်ချက်များအနေဖြင့် NLD ပါတီ၊ ရွှေကူမြို့နယ် အတွင်းရေးမှူး၊ မြို့နယ်ညီလာခံကော်မရှင်အတွင်းရေးမှူး၊ ဗဟိုညီလာခံကိုယ်စားလှယ် များအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၎င်းအပြင် စာပေဟော‌ပြောပွဲ ဖြစ်မြောက် ရေး၊ တရားပွဲဖြစ်မြောက်ရေး၊ မြို့နယ်နာရေးရုံးဖြစ်မြောက်ရေး၊ မြို့နယ်မီးသတ်ကား ဖြစ်မြောက်ရေးနှင့် ရွှေကူမြို့ အ.ထ.က(၁)ကျောင်း အကျိုးတော်ဆောင်အဖြစ်လည်း ဆောင်ရွက်ခဲ့ပါသည်။