အမည် ဦးကျော်သိန်း
မွေးသက္ကရာဇ် 11-03-1954
ကျား/မ ကျား
လူမျိုး ရခိုင်
ကိုးကွယ်သည့် ဘာသာ ဗုဒ္ဓ
ယခင်အလုပ်အကိုင် အထက်တန်းရှေ့နေ
ပညာအရည်အချင်း L.LB (ဥပဒေဘွဲ့)
ရွေးကောက်ခံရသည့် လွှတ်တော် ဒုတိယအကြိမ် အမျိုးသားလွှတ်တော်
ပါတီအမည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
အဖအမည် ဦးအောင်ရွှေစိန်
လွှတ်တော်အမတ်အဖြစ် စတင် ထမ်းဆောင်သည့် နေ့ရက် 01-01-2016
လိပ်စာ မြို့မမြောက်ရပ်ကွက်၊ ဝိမလ၊ မောင်တောမြို့
ကိုယ်ရေးအကျဉ်း ၁၉၆၀ မှ ၁၉၆၈ ထိ အ.လ.က(၁)၊ ၁၉၆၉ မှ ၁၉၇၂ ထိ အ.ထ.က၊ ၁၉၇၉မှ ၁၉၈၄ ထိ စစ်တွေကောလိပ်တွင် စာပေးစာယူဖြင့် ဥပဒေဘွဲ့ကို သင်ယူရရှိခဲ့ပါသည်။ ၁၉၇၃ခုတွင် ရ.ပ.က စာရေးအဖြစ် လည်းကောင်း၊ ၁၉၇၅ ခုနှစ်တွင် ထွေ/အုပ် ရုံးစာရေးအဖြစ်လည်းကောင်း၊ ၁၉၇၃ခုနှစ်တွင် မြို့နယ် အလုပ်သမားအစည်းအရုံး တွဲ/မှူးအဖြစ် လည်းကောင်း၊ ၁၉၈၅ ခုနှစ်တွင် အလုပ်သမားအစည်းအရုံး အတွင်းရေးမှူးနှင့် ပါတီယူနစ်အရန်ကော်မတီဝင် အဖြစ်လည်းကောင်း၊ ၁၉၈၉ ခုနှစ် တစညပါတီ အလုပ်သမားတာဝန်ခံအဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့ပြီး ၁၉၉၃ခုနှစ်တွင် တစညပါတီမှ နုတ်ထွက်ကာ မောင်တောနယ်စပ်ကုန်သည်များအသင်းတွင် မန်နေဂျာအဖြစ်နှင့် ဥပဒေ အကြံပေးအဖြစ် လုပ်ကိုင်ခဲ့ပါသည်။ ၂၀၀၈ ခုနှစ် ကုန်သည်အသင်းဗဟို အလုပ်အမှုဆောင်ဝင်အဖြစ် လည်းကောင်း၊ ၂၀၁၂ ခုနှစ်တွင် ဒုဥက္ကဋ္ဌ အဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် ကုန်သည် အသင်းမှ နုတ်ထွက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင်‌့ ဖွံ့ဖြိုးရေးပါတီသို့ ဝင်ရောက်ကာ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပသည့် ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အမှတ်(၇)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခြင်းခံရပါသည်။ ၁၉၈၃ ခုနှစ် မဆလပါတီတွင် အလုပ်သမားအစည်းအရုံးတွဲမှူး/ အတွင်းရေးမှူးနှင့် အရန်ပါတီယူနစ်ကော်မတီဝင် အဖြစ်ထမ်းဆောင်ခဲ့ပြီး၊ မြို့နယ်ဖွံ့/ထောက် ဥက္ကဋ္ဌတာဝန်၊ ဘာသာရေး၊ နာရေးနှင့် လူမှုကူညီရေး အသင်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ ကျွန်သည်မြို့နယ် အတွင်း၊ ဘာသာရေး/လူမှုရေးလုပ်ငန်းဖြစ်သော တရားပွဲကျင်းပရေးကော်မတီဝင်၊ နာရေးကူညီမှုအသင်းဒုဥက္ကဋ္ဌ၊ စာကြည့်တိုက်ကော်မတီ ဒုဥက္ကဋ္ဌ၊ မောင်တော ခရိုင်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ၊ ခရိုင်အမျိုးသားကူညီ စောင့်ရှောက်ရေးအဖွဲ့တို့တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါသည်။ ၁၉၈၇ ခုနှစ်တွင် နိုင်ငံတော်ကောင်စီမှ ချီးမြှင့်သောငြိမ်ဝပ်ပိပြားရေး နှင့် တရားဥပဒေစိုးမိုးရေးဆုတံဆိပ်ကို လက်ခံရရှိခဲ့ပါသည်။