အမည် ဦးမြင့်နိုင်
မွေးသက္ကရာဇ် 15-07-1968
ကျား/မ ကျား
လူမျိုး ရခိုင်
ကိုးကွယ်သည့် ဘာသာ ဗုဒ္ဓ
ယခင်အလုပ်အကိုင် စစ်မှုထမ်းငြိမ်း
ပညာအရည်အချင်း B.A (Hist)
ရွေးကောက်ခံရသည့် လွှတ်တော် ဒုတိယအကြိမ် အမျိုးသားလွှတ်တော်
ပါတီအမည် ရခိုင်အမျိုးသားပါတီ
အဖအမည် ဦးမောင်ကျော်စံ
လွှတ်တော်အမတ်အဖြစ် စတင် ထမ်းဆောင်သည့် နေ့ရက် 01-01-2016
လိပ်စာ အမှတ်(၄၀၅)၊ တိုက်နံပါတ်(၁)၊ ဇေယျာမွန်အဆင့်မြင့်အိမ်ရာ၊ ဘုရင့်နောင် အမှတ်(၁)ရပ်ကွက်၊ မရမ်းကုန်းမြို့၊ ရန်ကုန်မြို့။
ကိုယ်ရေးအကျဉ်း ၁၉၇၄ မှ ၁၉၈၂ ထိ အ.လ.က မြို့မ၊ ၁၉၈၃ မှ ၁၉၈၅ ထိ အ.ထ.က ကျောက်တော်၊ ၁၉၈၆-၁၉၈၇ ထိ စစ်တွေကောလိပ်(စာပေးစာယူ) တို့တွင် ပညာသင်ကြားခဲ့သည်။ ၁၉၈၅ မှ ၁၉၈၇ (၃)လပိုင်းအထိ ကုန်သွယ်လယ်ယာ(နေ့စား)အဖြစ် လည်းကောင်း၊ ၁၉၈၉ (၄)လပိုင်း မှ ၁၉၈၈(၅)လပိုင်းအထိ သမဝါယမအသင်း နေ့စားအဖြစ်လည်းကောင်း၊၁၉၈၉မှ၁၉၉၀ ထိ မြေစာရင်းဦးစီးဌာန(ပုတ်ြပတ်) အဖြစ် လည်းကောင်း၊ ၁၉၉၁ မှ ၁၉၉၃ ထိ ကာကွယ်ရေးဦးစီးဌာန၊ ခလရ-၂ တပ်သားအဖြစ်လည်းကောင်း၊ ၂၀၀၄မှ ၂၀၀၆ ထိ တပ်ကြပ်ကြီးစာရေးအဖြစ် (ရကတ-မှတ်တမ်း)တွင်လည်းကောင်းတာဝန်ထမ်းဆောင်ခဲ့ပြီး၂၉ - ၄ -၂၀၀၆ ရက်နေ့တွင် တပ်မတော် နည်းဥပဒေ ၁၃-၂(ဂ)အရ နုတ်ထွက်ခွင့် ရရှိခဲ့ပါ သည်။ ၂၀၁၀မှ၂၀၁၃ ထိ ဗဟိုအလုပ်မှုဆောင်(RNDP)အဖြစ်လည်းကောင်း၊ ၂၀၁၃ မှ ယနေ့ထိ ဗဟိုအလုပ်မှုဆောင်(ANP)အဖြစ် ဆောင်ရွက်လျက်ရှိ သည်။ ၂၀၀၀ မှ ယနေ့အထိ ကျောက်တော်မြို့နယ်အသင်း၊ ရန်ကုန်တွင် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်လျက်ရှိသည်။