အမည် ဦးစိုးဝင်း
မွေးသက္ကရာဇ် 22-10-1957
ကျား/မ ကျား
လူမျိုး ရခိုင်
ကိုးကွယ်သည့် ဘာသာ ဗုဒ္ဓ
ယခင်အလုပ်အကိုင် အုန်းဥယျာဉ်
ပညာအရည်အချင်း B.A (ဒဿနိကဗေဒ)
ရွေးကောက်ခံရသည့် လွှတ်တော် ဒုတိယအကြိမ် အမျိုးသားလွှတ်တော်
ပါတီအမည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
အဖအမည် ဦးလေးမောင်
လွှတ်တော်အမတ်အဖြစ် စတင် ထမ်းဆောင်သည့် နေ့ရက် 01-01-2016
လိပ်စာ ရဟိုင်ကူးတို့ကျေးရွာ၊ ဂွမြို့နယ်
ကိုယ်ရေးအကျဉ်း မူလတန်းပညာကို ရဟိုင်ကူးတို့ကျေးရွာ အစိုးရမူလတန်းကျောင်းတွင် လည်းကောင်း၊ အလယ်တန်းနှင့် အထက်တန်းပညာကို အ.ထ.က ဂွမြို့တွင် လည်းကောင်း၊ ပထမနှစ်၊ ဒုတိယနှစ်ကို အမှတ်(၂) ဒေသကောလိပ်(လှိုင်နယ် မြေ)တွင်လည်းကောင်း၊ တတိယနှစ်၊ စတုတ္ထနှစ်ကို ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ် (ဒဿနိကဗေဒ)ဘာသာရပ်ဖြင့် ၁၉၈၃ ခုနှစ်တွင် ကျောင်းပြီးခဲ့သည်။ ငါးပုဇွန်လုပ်ငန်း လုပ်ကိုင်ခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သို့ ဝင်ရောက်ခဲ့ပြီး မြို့နယ်နှင့် ပြည်နယ်တာဝန်များ ၊ အဖွဲ့ချုပ်ဗဟိုရေးရာ ကော်မတီတာဝန်များ ထမ်းဆောင်ခဲ့သည့် အပြင် သာရေးနာရေးလုပ်ငန်းများ၊ လူငယ်စာဖတ်အသင်းနှင့် ဘာသာရေးအသင်း အဖွဲ့များတွင်လည်း ပါဝင်ဆောင်ရွက်ခဲ့သည်။ ၁၉၇၄ ခုနှစ်၊ ဦးသန့်အရေးအခင်းတွင် ဂွမြို့နယ်အတွင်း ပိုစတာကပ် လှုံ့ဆော်မှုဖြင့် ပြစ်ဒဏ်(၂)နှစ်ချခံခဲ့ရ၊ လေးလခန့်နေပြီး အယူခံဖြင့် ပြန်လည် လွတ်မြောက်ခဲ့သည်။ ၁၉၉၇ခုနှစ်တွင် လူငယ်စာဖတ် အသင်းငွေများ အလွဲသုံးစား ပြုလုပ်သည်ဟု စွပ်စွဲကာပြစ်ဒဏ်(၁၀)နှစ်ကျခံခဲ့၊ (၃ - ၄)လခန့် နေပြီး အယူခံဖြင့် ပြန်လည်လွတ်မြောက်ခဲ့သည်။