အမည် ဦးဝေစိန်အောင်
မွေးသက္ကရာဇ် 28-03-1946
ကျား/မ ကျား
လူမျိုး ရခိုင်
ကိုးကွယ်သည့် ဘာသာ ဗုဒ္ဓ
ယခင်အလုပ်အကိုင် အ.ထ.ပြ (ငြိမ်း)
ပညာအရည်အချင်း B.Sc (General)
ရွေးကောက်ခံရသည့် လွှတ်တော် ဒုတိယအကြိမ် အမျိုးသားလွှတ်တော်
ပါတီအမည် ရခိုင်အမျိုးသားပါတီ
အဖအမည် ဦးစောလှဖြူ
လွှတ်တော်အမတ်အဖြစ် စတင် ထမ်းဆောင်သည့် နေ့ရက် 01-01-2016
လိပ်စာ ၅၈၊ မဏိပူရလမ်း၊ ရဲနွယ်စုရပ်၊ စစ်တွေမြို့၊ ရခိုင်ပြည်နယ်။
ကိုယ်ရေးအကျဉ်း ၁၉၆၂ တွင် နဝမတန်းကို အ.ထ.က ရသေ့တောင်မြို့ ၊ ရခိုင် ပြည်နယ်မှလည်းကောင်း၊ ၁၉၆၄ တွင် ၁၀တန်းကို ဓညဝတီ အလွတ် ပညာသင်ကျောင်း ၊ စစ်တွေမြို့မှ လည်းကောင်း၊ ၁၉၆၈ တွင် B.Sc ဘွဲ့ကို လုပ်သားများကောလိပ် ရန်ကုန်မြို့မှလည်းကောင်း အောင်မြင်ခဲ့ပါသည်။ ၁၉၆၅ မှ ၁၉၆၉ ထိ အောက်တန်းစာရေး၊ အထက်တန်းစာရေး အဖြစ် ကူးသန်းရောင်းဝယ်ရေးစာရင်းစစ်ရုံး၊ ရန်ကုန်မြို့တွင်လည်းကောင်း၊ ၁၉၆၉ မှ ၁၉၇၆ ထိ အထက်တန်းပြဆရာအဖြစ် အ.လ.က၊ အ.ထ.က မြောက်ဦးမြို့တွင် လည်းကောင်း၊ ၁၉၇၆ မှ ၁၉၈၀ ထိ အထက်တန်းပြဆရာဖြင့် အ.ထ.က(၂)၊ စစ်တွေမြို့တို့တွင် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၁၉၈၈တွင် စစ်တွေမြို့နယ်၊ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ အတွင်းရေးမှူး အဖြစ်လည်းကောင်း၊ ၁၉၈၉ မှ ၁၉၉၀ထိ ရခိုင်ပြည်သူ့ဒီမိုကရေစီတပ် ပေါင်းစုပါတီ အထွေထွေအတွင်းရေးမှူးအဖြစ် လည်းကောင်း၊ သာရေးနာရေးအသင်း၊ ဘာသာရေးအသင်း၊ ရဲနွယ်စုရပ်ကွက်၊ စစ်တွေမြို့တို့တွင် ပါဝင် ဆောင်ရွက်ခဲ့သည်။