အမည် ဦးလှမြင့်သန်း (ခ) လှမြင့်
မွေးသက္ကရာဇ် 26-12-1945
ကျား/မ ကျား
လူမျိုး ဗမာ
ကိုးကွယ်သည့် ဘာသာ ဗုဒ္ဓ
ယခင်အလုပ်အကိုင် မော်တော်ယာဉ်လုပ်ငန်း
ပညာအရည်အချင်း B.Sc, H.G.P, R.L
ရွေးကောက်ခံရသည့် လွှတ်တော် ဒုတိယအကြိမ် အမျိုးသားလွှတ်တော်
ပါတီအမည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
အဖအမည် ဦးသန်း
လွှတ်တော်အမတ်အဖြစ် စတင် ထမ်းဆောင်သည့် နေ့ရက် 01-01-2016
လိပ်စာ အမှတ်(၉၀၀)၊ ဥဿာ(၂)လမ်း၊ နန်းတော်ရာရပ်၊ ပဲခူးမြို့။
ကိုယ်ရေးအကျဉ်း ကျိုက်ထိုမြို့၊ ကော့စံနိုင်ရပ်၊ အစိုးရမူလတန်းကျောင်းတွင်လည်းကောင်း၊ ကျိုက်ထိုမြို့၊ အစိုးရအထက်တန်းကျောင်း၊ ယခုအမှတ်(၁)ကျောင်းတွင် လည်းကောင်း၊ မော်လမြိုင်ဝိဇ္ဇာ/သိပ္ပံကောလိပ်တွင်လည်းကောင်း၊ ရန်ကုန် တက္ကသိုလ်တွင်လည်းကောင်း ပညာသင်ယူခဲ့ပါသည်။ ကျိုက်ထိုမြို့၊ ပြည်သူ့ပစ္စည်းကော်ပိုရေးရှင်းတွင် အထက်တန်းစာရေး အဖြစ်လည်းကောင်း၊ ရန်ကုန် မီးရထားဌာနတွင် ဘွဲ့ရအလုပ်သင်အဖြစ် လည်းကောင်း၊ ပဲခူးမြို့(ပို့/ဆက်)တွင် ဌာနစိတ်မှူး (ဒု-ဦးစီးအရာရှိ) အဖြစ် လည်းကောင်း၊ ပဲခူးမြို့တွင် အထက်တန်းရှေ့နေအဖြစ်လည်းကောင်း လုပ်ကိုင် ခဲ့ပါသည်။ ပဲခူးမြို့၊ နန်းတော်ရာရပ်ကွက်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတွင် ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ပဲခူးမြို့နယ် ဗဟိုစည်းရုံးရေးဌာနတွင် စည်းရုံးရေး အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ တောင်သူလယ်သမားရေးရာ ကော်မတီ(ဗဟို) တွင် အဖွဲ့ဝင်အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ပါသည်။ ပုဒ်မ ၅(င)(အရေးပေါ်စီမံမှုအက်ဥပဒေ-၁၉၅၀ ခုနှစ်။ လဝက (၁၃) (၁)။ မတရားအသင်းဥပဒေ-၁၇(၁)။ ကြေးနန်းဥပဒေ ၆(၁) တို့ဖြင့် ပြစ်ဒဏ်ချမှတ် ခံခဲ့ရပြီး ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် နိုင်ငံတော်လွတ်ငြိမ်း ချမ်းသာခွင့်အမိန့်ဖြင့် လွှတ်ပေးခြင်းခံခဲ့ရပါသည်။