အမည် ဒေါက်တာဇော်လင်းထွဋ်
မွေးသက္ကရာဇ် 11-02-1964
ကျား/မ ကျား
လူမျိုး ဗမာ
ကိုးကွယ်သည့် ဘာသာ ဗုဒ္ဓ
ယခင်အလုပ်အကိုင် ပြင်ပဆေးကုခန်း ဖွင့်လှစ်ခြင်း
ပညာအရည်အချင်း M.B.B.S (Ygn)
ရွေးကောက်ခံရသည့် လွှတ်တော် ဒုတိယအကြိမ် အမျိုးသားလွှတ်တော်
ပါတီအမည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
အဖအမည် ဦးမောင်မောင်ဦး
လွှတ်တော်အမတ်အဖြစ် စတင် ထမ်းဆောင်သည့် နေ့ရက် 01-01-2016
လိပ်စာ အမှတ်(၁၅)၊ ဆေးရုံလမ်း၊ အောက်ကျင်းရပ်ကွက်၊ သထုံမြို့။
ကိုယ်ရေးအကျဉ်း သူငယ်တန်းမှ တတိယတန်းအထိ အ.မ.က(၃)မင်္ဂလာတောင်ညွန့်မြို့နယ် တွင်လည်းကောင်း၊ စတုတ္ထတန်းမှ ဒသမတန်းအထိ အ.ထ.က(၄) မင်္ဂလာ တောင်ညွန့်မြို့နယ်တွင်လည်းကောင်း၊ ပထမနှစ်မှ ဒုတိယနှစ်အထိ ရန်ကုန် တက္ကသိုလ်(ဗိုလ်တထောင်)တွင်လည်းကောင်း၊ ဒုတိယနှစ်နှင့် နောက်ဆုံးနှစ် ကို ဆေး(၁) လမ်းမတော်မြို့နယ်တွင်လည်းကောင်း ပညာသင်ကြားခဲ့ပါသည်။ ပါရမီနာရေးကူညီမှုအသင်း(သထုံမြို့)၊ ရွှေပါရမီ မေတ္တာကုသိုလ်ဆေးခန်းတွင် အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ရွှေပါရမီကျန်းမာရေး ဖောင်ဒေးရှင်းတွင် အမှုဆောင်အဖြစ်လည်းကောင်း၊ မေတ္တာရေစင် သွေးအလှူရှင်များအသင်းတွင် အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ဆည်းဆာအလှ (HIV /AIDS) လူနာများ စောင့်ရှောက်ရေးအသင်းတွင် အတွင်းရေးမှူးအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ပါ သည်။