အမည် ဦးနိုင်သီဟ
မွေးသက္ကရာဇ် 23-09-1966
ကျား/မ ကျား
လူမျိုး မွန်
ကိုးကွယ်သည့် ဘာသာ ဗုဒ္ဓ
ယခင်အလုပ်အကိုင် ရာဘာခြံ
ပညာအရည်အချင်း တတိယနှစ် (သမိုင်းဘာသာ)
ရွေးကောက်ခံရသည့် လွှတ်တော် ဒုတိယအကြိမ် အမျိုးသားလွှတ်တော်
ပါတီအမည် မွန်အမျိုးသားပါတီ
အဖအမည် ဦးစိန်မောင်
လွှတ်တော်အမတ်အဖြစ် စတင် ထမ်းဆောင်သည့် နေ့ရက် 01-01-2016
လိပ်စာ အမှတ်(၄၂၁)၊ ဘလောက်ပိုင်း၊ ပငကျေးရွာ၊ သံဖြူဇရပ်မြို့နယ်၊ မွန်ပြည်နယ်
ကိုယ်ရေးအကျဉ်း (၄) တန်းကို သင်္ဘောလဲကျောင်း မော်လမြိုင်မြို့တွင်လည်းကောင်း၊ (၅) တန်းကို အ.ထ.က (၉) မော်လမြိုင်မြို့တွင်လည်းကောင်း၊ (၆) တန်းကို ကော့ဒွတ်အလယ်တန်းကျောင်းတွင်လည်းကောင်း၊ (၇/၈) တန်းကို အ.ထ.က (၄) တောင်ဥက္ကလာပမြို့နယ်တွင်လည်းကောင်း၊ (၉/၁၀) တန်းကို အ.ထ.က ရေး မြို့တွင်လည်းကောင်း၊ ပထမနှစ်မှ တတိယနှစ်ထိ သမိုင်းအဓိကဘာသာရပ်ကို မော်လမြိုင်တက္ကသိုလ်တွင်လည်းကောင်း ပညာသင်ကြားခဲ့ပါသည်။ ၁၉၈၈ ခုနှစ်မှ ၁၉၉၇ ခုနှစ်အထိ မွန်ပြည်သစ်ပါတီ၌ (၁၀) နှစ်နီးပါးတာဝန် ထမ်းဆောင်ခဲ့ပါသည်။ ပငကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများတွင် တတ်အားသရွေ့ပါဝင်ဆောင်ရွက် ခဲ့ပြီး၊ ယနေ့အထိ ပငကျေးရွာ၊ သံဖြူဇရပ်မြို့နယ် အထက်တန်းကျောင်း၌ ကျောင်းအကျိုးတော်ဆောင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။