အမည် ဦးဖေတင်
မွေးသက္ကရာဇ် 16-09-1947
ကျား/မ ကျား
လူမျိုး ဗမာ
ကိုးကွယ်သည့် ဘာသာ ဗုဒ္ဓ
ယခင်အလုပ်အကိုင် ဈေးရောင်း
ပညာအရည်အချင်း H.G.P
ရွေးကောက်ခံရသည့် လွှတ်တော် ဒုတိယအကြိမ် အမျိုးသားလွှတ်တော်
ပါတီအမည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
အဖအမည် ဦးအောင်ဖေ
လွှတ်တော်အမတ်အဖြစ် စတင် ထမ်းဆောင်သည့် နေ့ရက် 01-01-2016
လိပ်စာ ၃၈ / မြနန္ဒာလမ်း၊ စက်သစ်ရပ်၊ မြို့မ(၁)၊ မုဒုံမြို့။
ကိုယ်ရေးအကျဉ်း မူလတန်းမှ အလယ်တန်းအထိ မုဒုံမြို့၊ အ.ထ.က (၂) တွင်လည်းကောင်း၊ ၁၉၆၉-၇၀ ခုနှစ်တွင် အ.ထ.က (၁)၌ (၁၀) တန်းအထိလည်းကောင်း၊ ၁၉၇၀-၇၁ ခုနှစ်တွင် ကူးသန်းရောင်းဝယ်ရေးပညာသင်ကျောင်း၌ စာရင်းကိုင် အဓိက ဘာသာကိုလည်းကောင်း သင်ယူခဲ့ပြီး ၁၉၈၀ ခုနှစ်တွင် အထက်တန်းရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့ပါသည်။ ရန်ကုန်မြို့၊ ဗဟိုစက်ပစ္စည်းကြီးကြပ်ရေးအဖွဲ့ရုံးတွင် ၁၉၇၂ မှ ၁၉၇၇ ထိ စာရင်းကိုင် အဆင့်(၂) တာဝန်ထမ်းဆောင်ခဲ့ပြီး မိမိဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်ခဲ့ပါသည်။ ၁၉၈၈ ခုနှစ်မှ ယနေ့အချိန်ထိ မုဒုံမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တွင် ဥက္ကဋ္ဌတာဝန်များ ထမ်းဆောင်လျက်ရှိပါသည်။ ၁၉၉၇ ခုနှစ်၊ ဇူလိုင်လတွင် မိမိအပါအဝင် အလုပ်အမှုဆောင်(၈) ဦးအား အလံတော်အက်ဥပဒေပုဒ်မ(၈) အရ ထောင်ဒဏ်(၆) လ ကျခံခဲ့ရပါသည်။