အမည် ဒေါ်နွယ်နွယ်အောင်
မွေးသက္ကရာဇ် 29-09-1956
ကျား/မ
လူမျိုး ဗမာ
ကိုးကွယ်သည့် ဘာသာ ဗုဒ္ဓ
ယခင်အလုပ်အကိုင် တရားလွှတ်တော်ရှေ့နေ
ပညာအရည်အချင်း B.A (Law), LL.B
ရွေးကောက်ခံရသည့် လွှတ်တော် ဒုတိယအကြိမ် အမျိုးသားလွှတ်တော်
ပါတီအမည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
အဖအမည် ဦးသိန်းအောင်
လွှတ်တော်အမတ်အဖြစ် စတင် ထမ်းဆောင်သည့် နေ့ရက် 01-01-2016
လိပ်စာ အမှတ်(၁/စီ)၊ သမာဓိလမ်း၊ ဈေးကြိုရပ်၊ မော်လမြိုင်မြို့
ကိုယ်ရေးအကျဉ်း သူငယ်တန်းမှ စတုတ္ထတန်းအထိ ဇရစ်ရပ်၊ အခြေခံမူလတန်းကျောင်းတွင် လည်းကောင်း၊ ပဉ္စမတန်းမှ ဒသမတန်းအထိ ထားဝယ်မြို့ အစိုးရအထက်တန်း ကျောင်းအမှတ်(၁)တွင်လည်းကောင်း၊ ဥပဒေ(ပထမနှစ်)မှ ဥပဒေ(ပဉ္စမနှစ်) အထိ ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်တို့တွင်လည်းကောင်း ပညာသင်ကြားခဲ့ ပါသည်။ ၁၉၇၆ ခုနှစ်မှ ၁၉၈၀ ခုနှစ်အထိ အထက်တန်းရှေ့နေအဖြစ် လည်းကောင်း၊ ၁၉၈၀ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ တရားလွှတ်တော်ရှေ့နေ အဖြစ်လည်းကောင်း၊ ၂၀၁၃ ခုနှစ်မှ ၁၇-၇-၂၀၁၅ ရက်နေ့အထိ စီမံကိန်း မန်နေဂျာ၊ ‌​မော်လမြိုင်တရားမျှတမှုစင်တာတွင်လည်းကောင်း၊ ၂၀၁၅ ဇူလိုင်မှ ယနေ့အထိ တရားလွှတ်တော်ရှေ့နေအဖြစ်လည်းကောင်း လုပ်ကိုင်ခဲ့ပါသည်။ ၁၉၈၈ ခုနှစ် စက်တင်ဘာလမှစပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် မော်လမြိုင်မြို့နယ် အလုပ်အမှုဆောင်အဖြစ်လည်းကောင်း၊ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှစ၍ မော်လမြိုင်အလုပ်အမှုဆောင်ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဗဟိုဦးစီးအဖွဲ့ဝင်အဖြစ်လည်းကောင်း၊ မွန်ပြည်နယ်ပါတီစည်းကမ်းထိန်းသိမ်းရေး အဖွဲ့ခေါင်းဆောင်အဖြစ်လည်းကောင်း တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ ထားဝယ်အသင်း(မော်လမြိုင်)တွင် အလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ် လည်းကောင်း၊ ယခုလက်ရှိတွင် သဘာပတိအဖွဲ့ဝင်အဖြစ်လည်းကောင်း လူမှုရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။ မော်လမြိုင်မြို့ရှေ့နေများအသင်းတွင် ၁၉၈၈ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ အလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ၂၀၁၅ ခုနှစ်တွင် အသင်း ဒု-ဥက္ကဋ္ဌအဖြစ်လည်းကောင်း ဆောင်ရွက်လျက် ရှိပါသည်။