အမည် ဦးမိုင်းအုဏ်းခိုင်
မွေးသက္ကရာဇ် 01-01-1961
ကျား/မ ကျား
လူမျိုး ပလောင်
ကိုးကွယ်သည့် ဘာသာ ဗုဒ္ဓ
ယခင်အလုပ်အကိုင် စျေးရောင်း
ပညာအရည်အချင်း Dip. Ag, B.Sc, H.G.P
ရွေးကောက်ခံရသည့် လွှတ်တော် ဒုတိယအကြိမ် အမျိုးသားလွှတ်တော်
ပါတီအမည် တအာင်း(ပလောင်)အမျိုးသားပါတီ
အဖအမည် ဦးအောင်ထွန်း
လွှတ်တော်အမတ်အဖြစ် စတင် ထမ်းဆောင်သည့် နေ့ရက် 01-01-2016
လိပ်စာ မမ-၁၃၀၊ ရပ်ကွက်(၃)၊ မြို့မရပ်၊ မန်တုံမြို့
ကိုယ်ရေးအကျဉ်း (၁၉၆၆-၁၉၇၀)အ.မ.ကအနောက်ကင်း၊နမ့်ဆန်မြို့နယ်၊(၁၉၇၁-၁၉၇၇) အ.ထ.က(၁)ကျောက်မဲမြို့၊ (၁၉၇၈-၁၉၇၉)လားရှိုးဒေသကောလိပ် (စိုက်ပျိုးရေး လုပ်ငန်းအတတ်ပညာ)၊ (၁၉၈၀-၁၉၈၁) မန္တလေးဝိဇ္ဇာသိပ္ပံ တက္ကသိုလ် တို့တွင် ပညာသင်ကြားခဲ့ပြီး Dip.Ag,B.Sc,H.G.P ရရှိကာ (၁၉၈၁-၁၉၈၃) အွယ်လောအ.လ.ကတွဲဖက် (နမ့်ခမ်းမြို့နယ်)တွင် အလယ်တန်းပြအဖြစ် လည်းကောင်း၊ (၁၉၈၃-၁၉၈၈) လမ်းစဉ်လူငယ်စည်းရုံးရေးကော်မတီရုံး (ကျောက်မဲမြို့)တွင် ပါတီစာရေးဝန်ထမ်းအဖြစ် လည်းကောင်း၊ (၁၉၈၉-၁၉၉၃)အထက်တန်းရှေ့နေ(ပြင်ပ)အဖြစ်လည်းကောင်း၊ကိုယ်ပိုင်ကြက်/ဝက်မွေးမြူရေးလုပ်ငန်း၊ (၁၉၉၃-၁၉၉၅) PSLAငြိမ်းချမ်းရေးအဖွဲ့ ဗဟိုကော်မတီရုံးအဖွဲ့မှူး၊ (၁၉၉၆-၂၀၀၀)PSLA ငြိမ်းချမ်းရေးအဖွဲ့အရံဗဟိုကော်မတီဝင်၊ (၂၀၀၀-၂၀၀၅)PSLAငြိမ်းချမ်းရေးအဖွဲ့ဗဟိုကော်မတီတွဲဖက်အတွင်းရေးမှူး၊ ၂၀၀၅ မှ ယခုထိပလောင်တိုင်းရင်းသား (PSLAငြိမ်းချမ်းရေးအဖွဲ့) တွဲဖက် အတွင်းရေးမှူး၊ (၂၀၁၀-၂၀၁၅) ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်မဲဆန္ဒနယ်အမှတ်(၁) ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်၊ ၂၀၁၅ခုနှစ်လက်ရှိ တအာင်း(ပလောင်) အမျိုးသားပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး(၁)၊ မန္တလေးတက္ကသိုလ် တိုင်းရင်းသားများစာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီ၊ တအာင်း(ပလောင်)စာပေနှင့် ယဥ်ကျေးမှုကော်မတီ မန္တလေးတက္ကသိုလ် တွဲဖက်အတွင်းရေးမှူး (၁၉၇၉-၁၉၈၀)စည်းရုံးရေးမှူး၊ မန္တလေးတက္ကသိုလ် တိုင်းရင်းသားများ စာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီ၊ ပလောင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ၊(၁၉၈၃-၁၉၉၃)အတွင်းရေးမှူး၊ မြို့နယ်ပလောင်စာပေ နှင့် ယဉ်ကျေးမှုကော်မတီ(ကျောက်မဲမြို့)၊ (၁၉၈၄-၁၉၉၀)အတွင်းရေးမှူး ဂေါပကအဖွဲ့အမှတ်(၈) ရပ်ကွက် မိုဃ်းကောင်းကျောင်းတိုက်၊ ကျောက်မဲမြို့၊ (၁၉၉၂-၁၉၉၆) တွဲဖက်အတွင်းရေးမှူး မြန်မာနိုင်ငံပလောင်စာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီ၊ (၁၉၉၃-၁၉၉၄) အမျိုးသားညီလာခံအခြား ဖိတ်ကြားသင့်ပုဂ္ဂိုလ်အစုအဖွဲ့ (အထူးဒေသ-၇ PSLA ငြိမ်းချမ်းရေးအဖွဲ့ အကြံပေးအဖွဲ့ဝင်)၊ (၁၉၉၅/၉၆-၂၀၀၃/၂၀၀၅) အခြားဖိတ်ကြားသင့် ပုဂ္ဂိုလ်အစုအဖွဲ့၊ အမျိုးသားညီလာခံကိုယ်စားလှယ် အဖြစ်လုပ်ကိုင် ခဲ့ပါသည်။ (၁၉၇၉-၁၉၈၁) တက္ကသိုလ်လေ့ကျင့်ရေးတပ် (မန္တလေးဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်) အခြေခံ/တန်းမြှင့်အဆင့်၊ (၁၉၈၃-၁၉၈၄)ပျားမွေးမြူရေးနှင့် စိုက်ပျိုးမွေးမြူရေးဆင့်ပွား သင်တန်းအမှတ်စဉ်(၆)၊ လားရှိုး၊ ၁၉၈၅ ပါတီရုံးစီမံခန့်ခွဲမှုသင်တန်း၊ ဗဟိုနိုင်ငံရေးတက္ကသိုလ်၊ မင်္ဂလာဒုံ၊ ရန်ကုန် အမှတ်စဉ်(၅၂) ၁၉၈၇-လူငယ်စီမံခန့်ခွဲမှုသင်တန်း၊ ဗဟိုနိုင်ငံရေးတက္ကသိုလ်၊ မင်္ဂလာဒုံ၊ရန်ကုန်အမှတ်စဉ်(၂၈)လက်ရှိတွင် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဒေသဦးစီးအဖွဲ့ဝင်အဖြစ်လည်းကောင်း၊ မန်တုံမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)၊ (ပထမအကြိမ်) ရှမ်းပြည််နယ်လွှတ်တော် ဘတ်ဂျတ်စီစစ်ရေးကော်မတီ ဝင် အဖြစ် လည်းကောင်း၊ တာဝန်ထမ်းဆောင်လျက်ရှိပြီး ၂၀၁၅ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင်တအာင်း (ပလောင်) အမျိုးသားပါတီကိုယ်စားပြု ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အမှတ်(၁၀) တွင် ဝင်ရောက်အရွေးခံမည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဖြစ်ပါသည်။