အမည် ဒေါ်ရွှေရွှေစိန်လတ်
မွေးသက္ကရာဇ် 29-06-1966
ကျား/မ
လူမျိုး ဗမာ
ကိုးကွယ်သည့် ဘာသာ ဗုဒ္ဓ
ယခင်အလုပ်အကိုင် သင်တန်းနည်းပြ၊ အလွတ်တန်းအတိုင်ပင်ခံ (Freelance Consultant)
ပညာအရည်အချင်း B.Sc (Hons) (Geology), M.Sc (Remote Sensing & GIS)
ရွေးကောက်ခံရသည့် လွှတ်တော် ဒုတိယအကြိမ် အမျိုးသားလွှတ်တော်
ပါတီအမည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
အဖအမည် ဦးတင်ရွှေ(ကွယ်လွန်)
လွှတ်တော်အမတ်အဖြစ် စတင် ထမ်းဆောင်သည့် နေ့ရက် 01-01-2016
လိပ်စာ အမှတ်(၁၄၅)အခန်း(၇)အေ၊ ဘုရင့်နောင်လမ်းမကြီး (၂) ရပ်ကွက်၊ လှိုင်မြို့နယ်။
ကိုယ်ရေးအကျဉ်း (၁၉၇၁) အ.မ.က၊ ပန်းဘဲတန်း၊ တောင်ငူမြို့၊ (၁၉၇၂) အထက၊ နတ်သံကွင်း၊ ကျောက်ကြီးမြို့နယ်၊ (၁၉၇၃ – ၇၅)အမက၊ ပန်းဘဲတန်း၊ တောင်ငူမြို့၊(၁၉၇၆ – ၇၈) အလက၊ ညောင်ခြေထောက်၊ အုတ်တွင်းမြို့နယ်၊ (၁၉၇၉ – ၈၁) အထက၊ ဒိုက်ဦး၊ (၁၉၈၃ – ၈၄) ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေ၊ (၁၉၈၅-၈၇) ရန်ကုန်တက္ကသိုလ်(ပင်မ)၊ (၁၉၉၇ – ၉၈) အာရှနည်းပညာတက္ကသိုလ်၊ ဘန်ကောက်၊ ထိုင်းနိုင်ငံ။ မူလယ်ပြ၊ အမက ဘွတ်တန်း၊ မအူပင်မြို့နယ်၊ (၁၉၉၀) သရုပ်ပြ – ဘူမိဗေဒ ဌာန၊ ရန်ကုန်တက္ကသိုလ်၊ (၁၉၉၁ – ၉၅) သုတေသနအရာရှိ၊ အာရှနည်းပညာ တက္ကသိုလ်၊ ထိုင်းနိုင်ငံ၊ (၁၉၉၉ – ၂၀၀၃) အစီအစဉ်ညှိနှိုင်းရေးမှူး၊ ရေသုတေသနနှင့်လေ့ကျင့်ရေးပညာဌာန(NGO)၊ ရန်ကုန်၊ (၂၀၀၃ – ၂၀၀၅) အဖွဲ့ခေါင်းဆောင်၊ အတိုင်ပင်ခံ(စွမ်းရည်ရှေ့ဆောင် – (NGO)၊ ရန်ကုန်၊ (၂၀၀၅ – ၂၀၁၀ ) ဒါရိုက်တာ (ဖန်တီးအိမ် (NGO)ရန်ကုန်)(၂၀၁၁ – ၂၀၁၅ ဇူလိုင်ထိ)။ ရှေ့ဆောင်လူငယ်၊ လမ်းစဉ်လူငယ်အဖွဲ့ဝင်၊ မြန်မာအန်ဂျီအိုကွန်ရက်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကွန်ရက်၊ အမျိုးသမီးအဖွဲ့အစည်းများကွန်ရက်၊ ကျား/မ တန်းတူညီမျှကွန်ရက်၊ မြန်မာနိုင်ငံစဉ့်အသင်း၊ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ပြည်သူ့ကွန်ရက်များတွင် သဘာပတိ၊ ဦးဆောင်ကော်မတီဝင်၊ ပဲ့ကိုင်ကော်မတီဝင်အဖြစ် စေတနာ့ဝန်ထမ်းလုပ်ဆောင်ခဲ့ပါသည်။ ဖန်တီးအိမ် လူမှုရေးအဖွဲ့အား တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းနှင့် လူရည်ချွန်အဖွဲ့(၁၉၆၄ – ၁၉၈၈) အဖွဲ့များတွင် အဖွဲ့ဝင်ဖြစ်ပါသည်။ အမျိုးသမီးနိုင်ငံရေးခေါင်းဆောင်မှုမြှင့်တင်ရေး၊ ရွေးကောက်ပွဲနှင့် ကျား/မ တန်းတူညီမျှရေးပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။ လတ်ကောင်းဝေ (မန္တလေးဆောင်)နှင့် ရွှေရွှေစိန်လတ်အမည်ဖြင့် အကျိုးပြုဆောင်းပါးများ ရေးသားခဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ နိုင်ငံပေါင်း(၂၅)နိုင်ငံ ခန့်သို့ ပညာတော်သင်ဆုဖြင့် စာတမ်းဖတ်ကြားသူ၊ ဆွေးနွေးတင်ပြသူ၊ လေ့လာသူအဖြစ် သွားရောက်ခဲ့ပါသည်။ ၁၉၈၃ – ၈၄ ပညာသင်နှစ်တွင် ပညာရေးဝန်ကြီးမှချီးမြှင့်သော ရန်ကုန်တက္ကသိုလ်၊ လှိုင်နယ်မြေလူရည်ချွန်ဆု ၊ ၂ နှစ်ဆက်တိုက်ရရှိခဲ့ပါသည်။ ရန်ကုန်တက္ကသိုလ်လှိုင်နယ်မြေနှင့်ပင်မ၏ စားပွဲတင်တင်းနစ် လက်ရွေးစင် အဖြစ် (၁၉၈၃ – ၈၆)ရွေးချယ်ခံရပြီး တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်များ ရရှိခဲ့ပါသည်။