အမည် ဒေါက်တာစိုင်းဆိုင်ကျောက်ဆမ် (ခ) စိုင်းဆိုင်ကျောက်
မွေးသက္ကရာဇ် 22-10-1951
ကျား/မ ကျား
လူမျိုး ရှမ်း
ကိုးကွယ်သည့် ဘာသာ ဗုဒ္ဓ
ယခင်အလုပ်အကိုင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
ပညာအရည်အချင်း B.V.S, Dip in French
ရွေးကောက်ခံရသည့် လွှတ်တော် ဒုတိယအကြိမ် အမျိုးသားလွှတ်တော်
ပါတီအမည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
အဖအမည် ဦးဆမ်(ကွယ်လွန်)
လွှတ်တော်အမတ်အဖြစ် စတင် ထမ်းဆောင်သည့် နေ့ရက် 01-01-2016
လိပ်စာ (၆၄)လွယ်မွေလမ်း၊ ရပ်ကွက်(၂)၊ ကျိုင်းတုံမြို့။
ကိုယ်ရေးအကျဉ်း အ.ထ.က(၂)၊ ကျိုင်းတုံမြို့၊ အ.ထ.က(၄)အလုံ၊ ရန်ကုန်၊ တိရစ္ဆာန် မွေးမြူရေးနှင့်ဆေးကုသရေးတက္ကသိုလ်၊ အင်းစိန်၊ ရန်ကုန်မြို့၊ နိုင်ငံခြားဘာသာသိပ္ပံတက္ကသိုလ်(ရန်ကုန်မြို့)တို့တွင် ပညာသင်ကြားခဲ့ပြီး B.V.S,Dip in French ဘွဲ့ရရှိကာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ၊ မောက်မယ်မြို့ နှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ကျိုင်းတုံမြို့တို့တွင် တာဝန်ထမ်းဆောင် ခဲ့ပါသည်။ ဥက္ကဋ္ဌ၊ မြို့နယ်သာသနာနုဂ္ဂဟအသင်း၊ ဘဏ္ဍာရေးမှူး၊ ကျိုင်းတုံ ဘိုးဘွားရိပ်သာ၊ မြန်မာနိုင်ငံမူယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းတွင် လူမှုရေးလုပ်ငန်းများလုပ်ကိုင်ခဲ့ပါသည်။