အမည် ဒေါက်တာခင်မောင်ဝင်း
မွေးသက္ကရာဇ် 23-05-1955
ကျား/မ ကျား
လူမျိုး ကရင် ဗမာ
ကိုးကွယ်သည့် ဘာသာ ဗုဒ္ဓ
ယခင်အလုပ်အကိုင် ဆရာဝန် (မာန်ဟုန်ဆေးခန်း)
ပညာအရည်အချင်း M.B.B.S (Rgn)
ရွေးကောက်ခံရသည့် လွှတ်တော် ဒုတိယအကြိမ် အမျိုးသားလွှတ်တော်
ပါတီအမည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အဖအမည် ဦးတုတ်(ကွယ်လွန်)
လွှတ်တော်အမတ်အဖြစ် စတင် ထမ်းဆောင်သည့် နေ့ရက် 03-02-2016
လိပ်စာ အမှတ်(၁၅၁-အေ) အမိမြေ(၁)လမ်း၊ အေးရိပ်ငြိမ်ရပ်ကွက်၊ ကော့သောင်းမြို့
ကိုယ်ရေးအကျဉ်း တမြာကျေးရွာ၊ မူလတန်းကျောင်း၊ ဓနုဖြူမြို့၊ အင်းစိန်ကွက်သစ်မူလတန်းကျောင်း၊ အင်းစိန် အ.ထ.က(၁) ရန်ကုန်၊ ၁၉၇၂ခုနှစ်တွင် ဆယ်တန်းအောင်၊ ဆေးတက္ကသိုလ်(၁) ရန်ကုန်မှ ၁၉၈၂ ခုနှစ်၊ ဒီဇင်ဘာတွင် M.B.B.S(Rgn) ဆေးပညာဘွဲ့ ရရှိခဲ့ပါသည်။ ကိုယ်ပိုင်ဆေးခန်းဖွင့်၊ ကျိုက်လတ်၊ ဖျာပုံတွင်(၁၉၈၃-၁၉၈၉)ထိ၊ ကော့သောင်းမြို့တွင်(မာန်ဟုန်ဆေးခန်း) ၁၉၈၉မှ ယနေ့အထိ ဖွင့်လှစ်ခဲ့ပါသည်။ ကျောင်းအကျိုးတော်ဆောင် အေးရိပ်ငြိမ် အ.ထ.က၊ ကျောင်းအကျိုးတော်ဆောင် အ.ထ.က(၁)၊ ကျောင်းအကျိုးတော်ဆောင်နာယက ရွှေဇင်ယော် အ.လ.က(ခွဲ)၊ ဥက္ကဋ္ဌ၊ ခရိုင်အလုပ်အမှုဆောင်အဖွဲ့၊ ဗဟိုကော်မတီဝင်၊ ကျန်းမာရေးကွန်ယက်၊ ကော့သောင်းမြို့တို့တွင် လူမှုရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့ပါသည်။