အမည် ဦးညီညီထွေး(ခ)ဦးကိုကိုလေး
မွေးသက္ကရာဇ် 25-05-1970
ကျား/မ ကျား
လူမျိုး ဗမာ
ကိုးကွယ်သည့် ဘာသာ ဗုဒ္ဓ
ယခင်အလုပ်အကိုင် ကုန်သည်
ပညာအရည်အချင်း ၁၀ တန်း
ရွေးကောက်ခံရသည့် လွှတ်တော် ဒုတိယအကြိမ် အမျိုးသားလွှတ်တော်
ပါတီအမည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
အဖအမည် ဦးကံသောင်း
လွှတ်တော်အမတ်အဖြစ် စတင် ထမ်းဆောင်သည့် နေ့ရက် 01-01-2016
လိပ်စာ ဗိုလ်ချုပ်လမ်း၊ နောင်ပကျစ်ရပ်၊ ဟုမ္မလင်းမြို့
ကိုယ်ရေးအကျဉ်း အ.ထ.က ဖောင်းပြင်၊ အ.ထ.က (၁၄) မန္တလေး၊နှင့် အ.ထ.က(၁) မုံရွာတို့တွင် ပညာသင်ကြားခဲ့ပါသည်။ ကုန်သည်လုပ်ငန်း လုပ်ကိုင်လျက်ရှိပါသည်။ ၁၉၈၈ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသို့ ဝင်ရောက် ခဲ့ပြီး၊ ဖောင်းပြင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတွင် လူငယ် အဖွဲ့ဝင်အဖြစ်လည်းကောင်း၊၂၀၀၂-၂၀၀၃ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်လည်ဖွဲ့စည်းရာတွင် ဟုမ္မလင်းမြို့နယ် တွဲဘက် ဘဏ္ဍာရေးမှူးအဖြစ် လည်းကောင်း၊ ၂၀၁၂ ခုနှစ် ခန္တီးခရိုင်ညီလာခံကျင်းပရေးကော်မရှင် အဖွဲ့ဝင် အဖြစ်လည်းကောင်း၊ ၂၀၁၂ ခုနှစ် ဗဟိုညီလာခံကိုယ်စားလှယ် အဖြစ်လည်းကောင်း၊ ဟုမ္မလင်းမြို့ အ.ထ.က(၁) ကျောင်းအကျိုးတော်ဆောင် အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ နောင်ပကျစ် လူငယ်ဝေယျာဝစ္စ အဖွဲ့ဝင်အဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့ပါသည်။