အမည် ဦးတင်မောင်ဝင်း
မွေးသက္ကရာဇ် 21-02-1955
ကျား/မ ကျား
လူမျိုး ဗမာ
ကိုးကွယ်သည့် ဘာသာ ဗုဒ္ဓ
ယခင်အလုပ်အကိုင် Electronic Service
ပညာအရည်အချင်း ဒသမတန်း(ခ)အောင်
ရွေးကောက်ခံရသည့် လွှတ်တော် ဒုတိယအကြိမ် အမျိုးသားလွှတ်တော်
ပါတီအမည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
အဖအမည် ဦးညိုဦး
လွှတ်တော်အမတ်အဖြစ် စတင် ထမ်းဆောင်သည့် နေ့ရက် 01-01-2016
လိပ်စာ ဗိုလ်ချုပ်လမ်းနှင့် ပတ္တမြားလမ်းထောင့်၊ ကျောင်းမြောက်ရပ်၊ မော်လိုက်မြို့
ကိုယ်ရေးအကျဉ်း ၁၉၆၀ ခုနှစ်မှ ၁၉၆၆ ခုနှစ်အထိ ကင်းတပ် အ.လ.ကတွင် မူလတန်း/ စတုတ္ထတန်းထိလည်းကောင်း၊ ၁၉၆၆ ခုနှစ်မှ ၁၉၇၀ ခုနှစ်အထိ မော်လိုက် အ.ထ.ကတွင် အလယ်တန်း/အဋ္ဌမတန်းထိလည်းကောင်း၊ ၁၉၇၀ ခုနှစ်မှ ၁၉၇၃ခုနှစ်အထိ မော်လိုက် အ.ထ.ကတွင် အထက်တန်း/ ဒသမတန်း(ခ) အောင်သည်ထိ ပညာသင်ကြားခဲ့ပါသည်။ ၁၉၇၃ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိ ကလေးဝမြို့ ကုန်သွယ်လယ်ယာတွင် နေ့စားလပေးအဖြစ်လည်းကောင်း၊ ၁၉၇၄ ခုနှစ်မှ ၁၉၇၆ ခုနှစ်အထိ ကလေးမြို့ မြို့နယ်သမဝါယမအသင်းတွင် စာရေးအဖြစ်လည်းကောင်း၊ ၁၉၈၀ ခုနှစ် မှ ၁၉၈၃ ခုနှစ်အထိ သူဌေးလောင်း ထီဆိုင်ပိုင်ရှင် အဖြစ် လည်းကောင်း၊ ၁၉၈၃ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ Electronic ပိုင်ရှင် အဖြစ်လည်းကောင်း လုပ်ကိုင်ခဲ့ပါသည်။ ၁၉၈၈ ခုနှစ်၊ မော်လိုက်မြို့နယ်၊ ၈ လေးလုံးအရေးတော်ပုံ၊ (၆)ဦး ကော်မတီဝင်အဖြစ်လည်းကောင်း၊ ၁၉၈၉ ခုနှစ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၊ မြို့နယ်စည်းရုံးရေးကော်မတီ ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊၁၉၉၀ ခုနှစ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းစည်းရုံးရေးအဖွဲ့ဝင်၊ ၁၉၉၀ ခုနှစ်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ၂၀၀၁ ခုနှစ်၊ Consturctic Engagement ကာလ အထက်ချင်းတွင်း ဒေသ ပြန်လည်ဖွဲ့စည်းရေးကော်မတီဝင်အဖြစ် လည်းကောင်း၊ ၂၀၁၂ ခုနှစ်၊ ခရိုင်ညီလာခံကျင်းပရေးကော်မရှင် ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ၂၀၁၃ ခုနှစ်၊ ခရိုင်အလုပ်အမှုဆောင်အဖွဲ့၊ ဥက္ကဋ္ဌ ၊ ဗဟိုညီလာခံကိုယ်စားလှယ် အဖြစ် ဆောင်ရွက်ခဲ့ပါသည်။