အမည် ဦးမောင်မောင်လတ်
မွေးသက္ကရာဇ် 24-11-1966
ကျား/မ ကျား
လူမျိုး ဗမာ
ကိုးကွယ်သည့် ဘာသာ ဗုဒ္ဓ
ယခင်အလုပ်အကိုင် ပညာရေးဘော်ဒါဆောင်
ပညာအရည်အချင်း B.Sc (Hons), M.Sc (Thesis) Zoology
ရွေးကောက်ခံရသည့် လွှတ်တော် ဒုတိယအကြိမ် အမျိုးသားလွှတ်တော်
ပါတီအမည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
အဖအမည် ဦးသိန်းအောင်
လွှတ်တော်အမတ်အဖြစ် စတင် ထမ်းဆောင်သည့် နေ့ရက် 01-01-2016
လိပ်စာ အမှတ်(၀၄၃)၊ မာဃလမ်း၊ ဈေးတန်း(၂)၊ တမူးမြို့
ကိုယ်ရေးအကျဉ်း ၁၉၇၁ ခုနှစ်မှ ၁၉၈၄-၈၅ ထိ မူလတန်းမှ အထက်တန်းကျောင်းထိ တမူးမြို့တွင်လည်းကောင်း၊ ၁၉၈၅ – ၈၆ မှ ၁၉၈၆-၈၇ ထိ မုံရွာ ကောလိပ်တွင်လည်းကောင်း၊ ၁၉၈၇ – ၈၈ မှ ၁၉၉၃-၉၄ ထိ မန္တလေး တက္ကသိုလ်တွင် လည်းကောင်း ပညာသင်ကြားခဲ့ပါသည်။ ၁၉၉၅ ခုနှစ်မှ ၂၀၀၄ ခုနှစ်ထိ တမူးမြို့တွင် ကျူရှင်ဆရာအဖြစ် လည်းကောင်း၊ ၂၀၀၅ ခုနှစ်မှ ယနေ့အထိ တမူးမြို့တွင် ဘော်ဒါဆောင် ကြီးကြပ် အဖြစ်လည်းကောင်း လုပ်ကိုင်ခဲ့ပါသည်။ ၁၉၉၅ ခုနှစ်မှ ယနေ့အထိ ကျောင်းသူ/သားပေါင်း (၂၀၀) ကျော်အား အခမဲ့ပညာသင်ကြားပေးခဲ့ပါသည်။ တမူးမြို့၊ ဖြူစင်မေတ္တာမိတ်ဆွေများ လူမှုရေးအသင်းတွင် လည်းကောင်း၊ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် မဲရုံကိုယ်စားလှယ် (ကွန်းတောင်းမဲရုံ) အဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့ပါသည်။ ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူရေးအဖွဲ့တွင် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ The Light Of Englishမဂ္ဂဇင်းများတွင် မောင်မောင်လတ် 3D အမည်ဖြင့် အင်္ဂလိပ်ကဗျာများဘာသာပြန်ရေးသားခဲ့ခြင်း၊ နွယ်နီမဂ္ဂဇင်း၊ စတိုင်သစ်မဂ္ဂဇင်း၊ The International မဂ္ဂဇင်းတို့တွင် မောင်မောင်လတ် 3D ကိုလတ်(ဂုဏ်ထူးစံ)အမည်ဖြင့် ဘာသာပြန်ဆောင်းပါးများ ရေးသားခဲ့ ပါသည်။ မြန်မာ-အိန္ဒိယနှစ်နိုင်ငံ နယ်ခြားဆက်ဆံရေးရုံး (BLO)၊ မူးယစ် ဆေးဝါး တားဆီးနှိမ်နင်းရေး (FLO Meeting on Drugs Control)၊ နယ်နိမိတ်ဆိုင်ရာ ညွှန်ကြားရေးမှူးအဆင့် (Survey Depts of Myanmar-India)၊ ဒေသအဆင့် နယ်စပ်ကုန်သွယ်ရေး (Border Trade Meeting)၊နှစ်နိုင်ငံတပ်မတော် တပ်စခန်းအဆင့်(PLM) အစည်းအဝေး များတွင် အင်္ဂလိပ်စကားပြန် (စေတနာ့ဝန်ထမ်း)အဖြစ်လည်းကောင်း ပါဝင်ကူညီဆောင်ရွက်ခဲ့ပါသည်။