အမည် ဦးရဲထွဋ်
မွေးသက္ကရာဇ် 20-03-1942
ကျား/မ ကျား
လူမျိုး ဗမာ
ကိုးကွယ်သည့် ဘာသာ ဗုဒ္ဓ
ယခင်အလုပ်အကိုင် စာရေးဆရာ၊ အတိုင်ပင်ခံအယ်ဒီတာ
ပညာအရည်အချင်း B.Ecom
ရွေးကောက်ခံရသည့် လွှတ်တော် ဒုတိယအကြိမ် အမျိုးသားလွှတ်တော်
ပါတီအမည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
အဖအမည် ဦးဘချစ်
လွှတ်တော်အမတ်အဖြစ် စတင် ထမ်းဆောင်သည့် နေ့ရက် 01-01-2016
လိပ်စာ (၇၈၂)၊ နော်ခမ်းဦးလမ်း၊ (၉)ရပ်ကွက်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ ရန်ကုန်မြို့
ကိုယ်ရေးအကျဉ်း ရန်ကုန်မြို့၊ နိုင်ငံတော်ဗဟိုအစိုးရ၊ အထက်တန်းကျောင်း (central) တွင်လည်းကောင်း၊ ရန်ကုန်မြို့၊ ရန်ကုန်တက္ကသိုလ််နှင့် စီးပွားရေးတက္ကသိုလ် တွင် လည်းကောင်း ပညာသင်ကြားခဲ့ပါသည်။ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနတွင် လုပ်ကိုင်ခဲ့ပါသည်။ သင်္ဃန်းကျွန်းမြို့နယ်၊ ပမညတအတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ၁၉၅၆ ခုနှစ်မှ ၁၉၅၉ ခုနှစ်အထိ မြို့နယ်ပြည်တွင်း ငြိမ်းချမ်းရေးအဖွဲ့ အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ၁၉၆၀ ခုနှစ်မှ ၁၉၆၁ ခုနှစ်အထိ ထီးတန်းကောလိပ်၊ ကျောင်းသားညီညွတ်ရေး တပ်ဦးဥက္ကဋ္ဌအဖြစ် လည်း ကောင်း၊ ရန်ကုန်ခရိုင်ကျောင်းသားများသမဂ္ဂ(ရကသ) ဒုတိယဥက္ကဋ္ဌ အဖြစ် လည်းကောင်း၊ ၁၉၆၀ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်(ဗကသများအဖွဲ့ချုပ်)တွင် အတွင်းရေးမှူး အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ပါသည်။