အမည် ဦးဝင်းအောင်
မွေးသက္ကရာဇ် 22-12-1965
ကျား/မ ကျား
လူမျိုး ဗမာ
ကိုးကွယ်သည့် ဘာသာ ဗုဒ္ဓ
ယခင်အလုပ်အကိုင် တောင်သူ
ပညာအရည်အချင်း B.A (Q), M.A first Year Passed
ရွေးကောက်ခံရသည့် လွှတ်တော် ဒုတိယအကြိမ် အမျိုးသားလွှတ်တော်
ပါတီအမည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
အဖအမည် ဦးကြည်
လွှတ်တော်အမတ်အဖြစ် စတင် ထမ်းဆောင်သည့် နေ့ရက် 01-01-2016
လိပ်စာ ချမ်းအေးသာယာရပ်၊ဇီးကုန်း(တ) ကန့်ဘလူ မြို့နယ်
ကိုယ်ရေးအကျဉ်း ဇီးကုန်း(တ)မြို့ရှေ့ မူလတန်းကျောင်းတွင်လည်းကောင်း၊ အ.ထ.က ဇီးကုန်းတွင်လည်းကောင်း၊ မန္တလေး အဝေးသင်တက္ကသိုလ်တွင် လည်းကောင်း၊ ရွှေဘိုမြို့ ရွှေဘိုဒီဂရီကောလိပ်တွင်လည်းကောင်း၊ မန္တလေး တက္ကသိုလ်တွင် လည်းကောင်း ပညာသင်ကြားခဲ့ပါသည်။ ကျွန်းလှမြို့နယ်၊ ရွာကုန်းကြီးတွဲဘက် အ.ထ.ကတွင် တွဲဘက် အထက်တန်းပြအဖြစ်လည်းကောင်း၊ ဇီးကုန်း(တ)တွင် ကျူရှင်ဆရာအဖြစ် လည်းကောင်း လုပ်ကိုင်ခဲ့ပါသည်။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံတွင် ကန့်ဘလူမြို့နယ် ကျောင်းသားခေါင်းဆောင်အဖြစ်လည်းကောင်း၊ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(အထက်ဗမာပြည်)တွင် အဖွဲ့ဝင်အဖြစ် လည်းကောင်း ၁၉၈၈ – ၁၉၈၉ တွင် NLD မြို့နယ် လူငယ်တာဝန်ခံနှင့် မြို့နယ်အလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ၂၀၀၀ ခုနှစ် တွင် မြို့နယ်အလုပ်အမှုဆောင် အတွင်းရေးမှူး အဖြစ်လည်းကောင်း၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပဲွတွင် ခရိုင်အောင်နိုင်ရေးအဖွဲ့ဝင်အဖြစ် လည်းကောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကန့်ဘလူမြို့နယ် ညီလာခံ ကျင်းပရေး ကော်မရှင် ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ တိုင်းလူငယ်ညီလာခံ ကျင်းပရေး ကော်မရှင် အဖွဲ့ဝင် အဖြစ်လည်းကောင်း၊ ခရိုင် အလုပ်အမှု ဆောင်အဖွဲ့ အတွင်းရေးမှူးတာဝန်ကိုလည်းကောင်း ထမ်းဆောင်ခဲ့ ပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ စစ်ကိုင်းတိုင်းဒေသကြီး၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ အတွင်းရေးမှူးအဖြစ် ထမ်းဆောင် လျက်ရှိပြီး ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး၊ ကန့်ဘလူဆင် ဘေးမဲ့တော သတ်မှတ်ရေး၊ဖားကန့်ရေအရင်းအမြစ်ကာကွယ်ရေး၊ ရွှေသမင် ထိန်းသိမ်းရေး များကို လွှတ်တော် နှင့် ဌာနဆိုင်ရာများသို့ တင်ပြ ဆောင်ရွက်ခဲ့ပါသည်။ ဇီးကုန်း(တ)ရွာ၊ ရွှေဖောင်ဦးစာကြည့်တိုက်၊ စာကြည့်တိုက် ကော်မတီ အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ချပ်ကြီးဆီတွဲမီးလောင် ဒုက္ခသည် ကယ်ဆယ်ရေးတွင်လည်းကောင်း၊ မလယ်ငလျင်ဘေးသင့် ကျေးရွာများ ကူညီ ထောက်ပံ့ရေးတွင်လည်းကောင်း၊ ရေဘေးသင့်ရွာများ (ကန့်ဘလူ၊ ရေဦး၊ ကျွန်းလှ၊ ကောလင်း) တွင်လည်းကောင်း၊ သိမ်းဆည်း လယ်ယာမြေ များပြန်လည် ရရှိ‌​ရေးနှင့် အကျဉ်းကျ တောင်သူများအား ကူညီထောက်ပံ့ ရေး ကိစ္စများတွင် လည်းကောင်း၊ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်နှင့်စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိစ္စများ တွင်လည်းကောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လူငယ်လေ့ကျင့်ရေးမှူးများ သင်တန်း ဆရာအဖြစ် လည်းကောင်း ‌ဆောင်ရွက်ခဲ့ပါသည်။ ABSDF နှင့် ဆက်သွယ်ရေးကြောင့် မတရားအသင်း အက်ဥပဒေပုဒ်မ (၁၇/၁) အရ အမှတ်(၂) စစ်ခုံရုံးမှ ထောင်ဒဏ် (၄) နှစ် ချမှတ်ခြင်းခံရပြီး စုစုပေါင်း (၄)နှစ် (၄) လ ထိန်းသိမ်းခံခဲ့ရပါသည်။