အမည် ဦးအောင်မျိုး
မွေးသက္ကရာဇ် 03-02-1963
ကျား/မ ကျား
လူမျိုး ဗမာ
ကိုးကွယ်သည့် ဘာသာ ဗုဒ္ဓ
ယခင်အလုပ်အကိုင် အရောင်းအဝယ်
ပညာအရည်အချင်း ဒသမတန်း
ရွေးကောက်ခံရသည့် လွှတ်တော် ဒုတိယအကြိမ် အမျိုးသားလွှတ်တော်
ပါတီအမည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
အဖအမည် ဦးတင်ညွန့်
လွှတ်တော်အမတ်အဖြစ် စတင် ထမ်းဆောင်သည့် နေ့ရက် 01-01-2016
လိပ်စာ အမှတ်(၇)ရပ်ကွက်၊ မြိုက်စုရပ်၊ ရွှေဘိုမြို့
ကိုယ်ရေးအကျဉ်း အ.ထ.က (၁) ရွှေဘိုတွင် ပညာသင်ကြားခဲ့ပါသည်။ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်ခဲ့ပါသည်။ ၁၉၈၉ ခုနှစ်မှ ၁၉၉၀ ခုနှစ်အထိ ရွှေဘိုမြို့နယ်၊ ပြည်သူ့တိုးတက်ရေး ပါတီ၊ အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ၂၀၀၄ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ရွှေဘိုမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် တွဲဘက်အတွင်းရေးမှူး အဖြစ်လည်းကောင်း၊ မြို့နယ်လူမှုအထောက်အကူပြု အဖွဲ့ဝင်အဖြစ် လည်းကောင်း၊ ၂၀၀၆ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ စစ်ကိုင်းတိုင်းဒေသကြီး၊ လူငယ်အကူအညီပေးရေး အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် တိုင်းအောင်နိုင်ရေး အဖွဲ့ဝင်အဖြစ်လည်း ကောင်း၊ ၂၀၁၂ ခုနှစ် ခရိုင် ညီလာခံကျင်းပရေး ကော်မရှင် အတွင်းရေးမှူး အဖြစ်လည်းကောင်း၊ ၂၀၁၃ ခုနှစ် စစ်ကိုင်းတိုင်း လူငယ်ညီလာခံ ကျင်းပရေးကော်မရှင် ဥက္ကဋ္ဌအဖြစ်လည်း‌ေကာင်း၊ ယခုလက်ရှိ အချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရွှေဘိုခရိုင် ဥက္ကဋ္ဌ အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်လျက်ရှိပါသည်။ ၂၀၀၇ ခုနှစ်တွင် ပုဒ်မ ၅၀၅/ခ ဖြင့် ထောင်ဒဏ် (၂) နှစ် ကျခံခဲ့ရပါသည်။