အမည် ဦးစောသန်းထွဋ်
မွေးသက္ကရာဇ် 21-03-1958
ကျား/မ ကျား
လူမျိုး ကရင်
ကိုးကွယ်သည့် ဘာသာ ဗုဒ္ဓ
ယခင်အလုပ်အကိုင် စားသောက်ဆိုင်ပိုင်ရှင်
ပညာအရည်အချင်း BE.Com (Eco), HGP (ပြစ်မှု)
ရွေးကောက်ခံရသည့် လွှတ်တော် ဒုတိယအကြိမ် အမျိုးသားလွှတ်တော်
ပါတီအမည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
အဖအမည် ဦးစောလှထွန်း(ကွယ်လွန်)
လွှတ်တော်အမတ်အဖြစ် စတင် ထမ်းဆောင်သည့် နေ့ရက် 01-01-2016
လိပ်စာ အမှတ်-၄/၄၉၈၊ ပိတောက်လမ်း၊ အမှတ်(၄)ရပ်ကွက်၊ ဘားအံမြို့
ကိုယ်ရေးအကျဉ်း ၁၉၆၂ ခုနှစ်မှ စတင်ပြီး အ.ထ.က (၅) မော်လမြိုင်တွင်လည်းကောင်း၊ အ.ထ.က(၁) ဘားအံတွင်လည်းကောင်း ပညာသင်ယူခဲ့ပြီး၊ အ.ထ.က (၁) လသာ ရန်ကုန်တွင် ဒသမတန်းအောင်မြင်ခဲ့ပါသည်။ ၁၉၇၆ ခုနှစ်မှစတင်ြပီး ကရင်ပြည်နယ်ဒေသကောလိပ်တွင် ဒုတိယနှစ်အထိလည်းကောင်း၊ ၁၉၈၀ ခုနှစ်တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်၌ ဘောဂဗေဒ အဓိကဘာသာရပ်ဖြင့် စီးပွားရေးဘွဲ့ ရရှိခဲ့ပါသည်။ ၁၉၈၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ဘားအံမြို့နယ်စာရင်းရုံးတွင် စာရင်းစစ်အဖြစ် လုပ်ကိုင်ခဲ့ပါသည်။ ၁၉၈၉ ခုနှစ်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ စတင်တည်ထောင်ဖွဲ့စည်းစဥ်က မြို့နယ်အတွင်းရေးမှူးဖြစ်ပြီး ၂၀၁၂ ခုနှစ် ပြန်လည်ဖွဲ့စည်းချိန်တွင် မြို့နယ်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ ဘားအံမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ဥပဒေအထောက် အကူပြုအဖွဲ့နှင့် လူမှုအထောက်အကူပြုအဖွဲ့တို့တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး၊ သွေးလှူဒါန်းမှု အဖွဲ့ခေါင်းဆောင်အဖြစ်လည်း တာဝန်ယူထားပါသည်။