အမည် ဦးစောမိုးမြင့် (ခ) ဆင်မြူရယ်
မွေးသက္ကရာဇ် 02-01-1947
ကျား/မ ကျား
လူမျိုး ကရင်
ကိုးကွယ်သည့် ဘာသာ ဗုဒ္ဓ
ယခင်အလုပ်အကိုင် အထွေထွေမန်နေဂျာ(ငြိမ်း)၊ သတ္တုတွင်း၀န်ကြီးဌာန။
ပညာအရည်အချင်း B.E (mining), P.E (mining)
ရွေးကောက်ခံရသည့် လွှတ်တော် ဒုတိယအကြိမ် အမျိုးသားလွှတ်တော်
ပါတီအမည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
အဖအမည် ဦးစောလုံ(ကွယ်လွန်)
လွှတ်တော်အမတ်အဖြစ် စတင် ထမ်းဆောင်သည့် နေ့ရက် 01-01-2016
လိပ်စာ ၁၉၇၂၊ နိဗ္ဗာန်လမ်းမကြီး၊ တောင်သူကုန်းရပ်ကွက်၊ အင်းစိန်မြို့နယ်
ကိုယ်ရေးအကျဉ်း အ.ထ.က (၄) တောင်ငူမြို့တွင် သူငယ်တန်းမှ ဒသမတန်းအထိ လည်းကောင်း၊ စက်မှုတက္ကသိုလ်ရန်ကုန်တွင် ဘီအီးဘွဲ့ကိုလည်းကောင်း ပညာ သင်ကြားခဲ့ပါသည်။ ၁၉၇၁-၇၉ တွင် သီပေါမြို့၊ ဂေါဒန်ကျောက်သတ္တုတွင်း မန်နေဂျာအဖြစ် လည်းကောင်း၊ ၁၉၇၉-၈၆ တွင် ကလေးဝမြို့၊ ကျောက်မီးသွေးသတ္တုတွင်း မန်နေဂျာအဖြစ်လည်းကောင်း၊ ၁၉၈၆-၉၃ တွင် ရန်ကုန်မြို့၊ အမှတ်(၃) သတ္တုတွင်းလုပ်ငန်း၊ ဒုတိယညွှန်ကြားရေးမှူးအဖြစ်လည်းကောင်း၊ ၁၉၉၄- ၂၀၀၉ တွင် ပြင်ဦးလွင်မြို့၊ သံနှင့်သံမဏိစက်ရုံ၊ အထွေထွေမန်နေဂျာ အဖြစ် လည်းကောင်း လုပ်ကိုင်ခဲ့ပါသည်။ မြန်မာ့အစိမ်းရောင်ကွန်ယက်တွင် ပညာရှင်အဖြစ်လည်းကောင်း၊ မြန်မာ နိုင်ငံ ငလျင်ကော်မတီတွင် အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ပြင်ဦးလွင်မြို့၊ ဖောင်းတောရွာ၊ မဟာဆုတောင်းပြည့် နှီးဘုရားကြီးတွင် ဥက္ကဋ္ဌအဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့ပါသည်။ ၁၉၈၉ ခုနှစ်တွင် ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေစိုးမိုးရေးတံဆိပ်နှင့် ပြည်သူ့ဝန်ထမ်းတံဆိပ်ကိုလည်းကောင်း၊ ၁၉၉၀ခုနှစ်တွင်နိုင်ငံတော်အေးချမ်း သာယာရေးတံဆိပ်ကိုလည်းကောင်း၊ ၂၀၀၀ပြည့်နှစ်တွင် ပြည်သူ့ဝန်ထမ်းကောင်း တံဆိပ်ကိုလည်းကောင်း၊ ၂၀၀၁ ခုနှစ်တွင် စီမံထူးချွန် (ဒုတိယအဆင့်)ကို လည်းကောင်း ရရှိခဲ့ပါသည်။