အမည် ဦးအောင်ကျော်စိုး
မွေးသက္ကရာဇ် 18-09-1968
ကျား/မ ကျား
လူမျိုး ရှမ်း ကယား
ကိုးကွယ်သည့် ဘာသာ ဗုဒ္ဓ
ယခင်အလုပ်အကိုင် -
ပညာအရည်အချင်း ဒသမတန်း
ရွေးကောက်ခံရသည့် လွှတ်တော် ဒုတိယအကြိမ် အမျိုးသားလွှတ်တော်
ပါတီအမည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
အဖအမည် ဦးရွှေစိုး
လွှတ်တော်အမတ်အဖြစ် စတင် ထမ်းဆောင်သည့် နေ့ရက် 01-01-2016
လိပ်စာ မ/၃၀၃၊ ခွါညိုလမ်း၊ မင်္ဂလာရပ်ကွက်၊ လွိုင်ကော်မြို့။
ကိုယ်ရေးအကျဉ်း ၁၉၇၄မှ ၁၉၇၅ ထိ အ.မ.က (၈) တရုတ်ဘုံကျောင်း၊ မူလတန်း၊ ၁၉၇၉ မှ ၁၉၈၀ထိ အ.ထ.က (၂)၊ ၁၉၈၆ ဒသမတန်း လွိုင်ကော်မြို့တွင် ပညာသင်ကြားခဲ့ပါသည်။ ၁၉၈၈ ခုနှစ်တွင် ကယားပြည်နယ် အထွေထွေသပိတ်ကော်မတီတွင် ပါဝင်ခဲ့သည်။ ၁၈-၉-၁၉၈၈ ခုနှစ်မှ ၄-၉-၁၉၉၀ ထိ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ကျောင်းသားတပ်မတော် တပ်ရင်း (၃၀၃)တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၂ မှ ၂၀၁၅ ထိ ကယားပြည်နယ် ၈၈ မျိုးဆက်အင်အား စုအဖြစ်ပါဝင်ခဲ့သည်‌။ ၂၀၁၄ တွင် ကရင်နီပြည် လူငယ်များသမဂ္ဂတွင် ဗဟိုကော်မတီဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၄-၉-၁၉၉၀ ခုနှစ်တွင် ကျောင်းသားတပ်မတော်တပ်ရင်း(၃၀၃) တပ်ဖွဲ့ဝင် အဖြစ် ခ.လ.ရ(၇၂)၏ ဖမ်းဆီးခြင်းခံရပြီး ပုဒ်မ ၁၇/၁၊ ၁၇/၂၊ ၆/၁၊ ၁၉(စ)၊ ၃၀၂/၁(ခ)တို့ဖြင့် တရားစွဲဆိုပြီး ၁၀-၁၀-၁၉၉၀ ခုနှစ်တွင် သေဒဏ်နှင့် ထောင်ဒဏ်(၅)နှစ် အပြစ်ပေးခဲ့ရသည်။ ၃၀-၁၀-၁၉၉၀ ခုနှစ် မှ ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၂ ရက်တွင် ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ဗဟိုအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့ပါသည်။