အမည် ဒေါက်တာခွန်ဝင်းသောင်း
မွေးသက္ကရာဇ် 17-10-1956
ကျား/မ ကျား
လူမျိုး ပအို့ဝ်
ကိုးကွယ်သည့် ဘာသာ ဗုဒ္ဓ
ယခင်အလုပ်အကိုင် တိ/ကု ဆရာဝန်
ပညာအရည်အချင်း B.V.S(Rgn) 1981
ရွေးကောက်ခံရသည့် လွှတ်တော် ဒုတိယအကြိမ် အမျိုးသားလွှတ်တော်
ပါတီအမည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
အဖအမည် ဦးပွား(ကွယ်လွန်)
လွှတ်တော်အမတ်အဖြစ် စတင် ထမ်းဆောင်သည့် နေ့ရက် 01-01-2016
လိပ်စာ ခန/၂၉၇၊ ခါနန်ရပ်၊ မိုးမောက်မြို့၊ ကချင်ပြည်နယ်
ကိုယ်ရေးအကျဉ်း အ.ထ.က ၊မြို့မကျောင်း၊ ဒဂုံမြို့နယ် ၊ရန်ကုန်နှင့် အ.ထ.က(၁)ပဲခူးမြို့ တို့တွင်ပညာသင်ကြားခဲ့ပြီး တိရစ္ဆာန်မွေးမြူရေးနှင့် ဆေးကုသရေးတက္ကသိုလ် (ရန်ကုန်)မှ B.V.S(Rgn) 1981 ရရှိကာ စိုက်ပျိုးမွေးမြူရေး၊ ပဲခူးတိုင်းခြံ ၁၀၀ စီမံကိန်းတွင်လည်းကောင်း၊ မွေးမြူရေးလုပ်ငန်းကော်ပိုရေးရှင်း ရွာသာကြီး (ရန်ကုန်) ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မိုးမောက်တို့တွင် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ အလုပ်သမားလယ်သမားများ၏ နစ်နာချက်များကို ကူညီဆောင်ရွက်ခဲ့ပါသည်။ ၁၉၈၈ ခုနှစ်၊ အရေးအခင်းကာလ၌ ပါဝင်ဦးဆောင်မှုကြောင့် ပုဒ်မ(၅ - ည )ဖြင့် ထောင်(၅)နှစ် ကျခံခဲ့ရဖူးသည်။