ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းUNESCO အကြံပေး ပုဂ္ဂိုလ်အား လက်ခံတွေ့ဆုံ နေပြည်တော်၊ သြဂုတ် ၁၀

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းUNESCO အကြံပေး ပုဂ္ဂိုလ်အား လက်ခံတွေ့ဆုံ   နေပြည်တော်၊ သြဂုတ် ၁၀

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်း(UNESCO) မှ နိုင်ငံတကာ ဥပဒေရေးရာ အကြံပေးပုဂ္ဂိုလ်ဖြစ်သူ Mr Etienne Clement အား ယနေ့နံနက် ၁၀ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အမှတ် (I-11) ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံရှိ ယဉ်ကျေးမှုနှင့် ရှေးဟောင်းဆိုင်ရာ ဥပဒေများအား ကောင်းမွန်ပြည့်စုံမှု ရှိပါကြောင်း၊ ဥပဒေများအား အကောင်အထည်ဖော်ရာတွင် ထိရောက် အောင်မြင်ရန်အတွက် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ ပြည်သူများနှင့် နိုင်ငံတကာ ခရီးသွားဧည့်သည်များအနေဖြင့် ဥပဒေများပြဌာန်းချက်များကို နားလည်သဘောပေါက်ရန် လိုအပ် ပါကြောင်း၊ နှစ်ပေါင်း ၁၀ဝ ကျော်သည့် ပစ္စည်းများအားရှေးဟောင်းပစ္စည်း အဖြစ် သတ်မှတ်သည် ကိုလည်း သိရှိကြရန်လိုအပ်ပါကြောင်း၊ ရှေးဟောင်းပစ္စည်းဖြစ်ပါက နိုင်ငံတော်မှပိုင်ဆိုင်ပြီး လွှဲပြောင်းခြင်း၊ ရောင်းချခြင်းဆိုင်ရာ ကိစ္စရပ်များပြုလုပ်ပါက သက်ဆိုင်ရာဌာန၏ ခွင့်ပြုချက်ရရှိမှသာ ဆောင်ရွက်နိုင်သည်ကို သိရှိရန်လိုအပ်ပါကြောင်း၊ ဥပဒေများအား အကောင်အထည်ဖော်ရာတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အကောက်ခွန်ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ရန်လွန်စွာ အရေးကြီးပါကြောင်း စသည်ဖြင့် အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေး‌နွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။


Related Posts:

ဥပဒေများ

ကော်မတီ/ကော်မရှင်များ