ပြည်ထောင်စုလွှတ်တော် နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း UNDP Administrator, Mr.Achim Steiner အား လက်ခံတွေ့ဆုံ နေပြည်တော် သြဂုတ် ၈

ပြည်ထောင်စုလွှတ်တော် နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း UNDP Administrator, Mr.Achim Steiner အား လက်ခံတွေ့ဆုံ နေပြည်တော် သြဂုတ် ၈

ပြည်ထောင်စုလွှတ်တော် နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် UNDP Administrator, Mr.Achim Steiner အား (၈-၈-၂၀၁၇) ရက်နေ့ (၁၅၀၀) နာရီတွင် အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော် နာယက အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့်အတူ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် UNDP ၏ လွှတ်တော်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကူညီပံ့ပိုးမှုများ၊ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ရုံးဝန်ထမ်းများအတွက် စွမ်းရည်မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖော်ဆောင်ရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆက်လက်အားပေးကူညီရန် ကိစ္စရပ်များအား ရင်းနှီးခင်မင်စွာ ဆွေးနွေးခဲ့ကြပါသည်။

Related Posts:

ဥပဒေများ

ကော်မတီ/ကော်မရှင်များ