ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၁၆)ရက်မြောက်နေ့ ကျင်းပ နေပြည်တော် သြဂုတ် ၈

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၁၆)ရက်မြောက်နေ့ ကျင်းပ   နေပြည်တော် သြဂုတ် ၈

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၁၆)ရက်မြောက်နေ့ကို အစီအစဉ် (၁၀)ခုဖြင့် ကျင်းပသည်။

ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူရမည့် အုပ်ထိန်းသူနှင့် အုပ်ထိန်းခြင်း ခံရသူများအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် မြန်မာနိုင်ငံလင်မယား ကွာရှင်းရေးအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတို့ကို လွှတ်တော်က မှတ်တမ်းတင်သည်။

ဆက်လက်၍ လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသော တူးမြောင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာကို ဥပဒေကြမ်းပူးပေါင်းကော်မတီ အဖွဲ့ဝင် ဦးဇော်ဝင်း(ထန်းတပင်မဲဆန္ဒနယ်)က ဖတ်ကြား တင်ပြသည်။

အထက်ပါဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ၁၀-၈-၂၀၁၇ ရက် (ကြာသပတေးနေ့)၊ ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ၂၀၁၇ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေပါ ကုန်စည်အချို့အပေါ် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်များ ကင်းလွတ် ခွင့်ပြုရေးကိစ္စနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ပြန်လည်ရှင်းလင်းဆွေးနွေးပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူသည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ပေးပို့သော ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေပါ ပြည်ထောင်စု၏ အရအသုံးစာရင်းများ စစ်ဆေးချက် အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက် အစီရင်ခံစာ(၉/၂၀၁၇)နှင့်စပ်လျဉ်း၍ ဦးတင်ထွန်းနိုင်(ဆိပ်ကြီး/ခနောင်တိုမဲဆန္ဒနယ်)၊ ဒေါ်ခင်စန်းလှိုင်(ပုလဲမဲဆန္ဒနယ်)၊ ဒေါက်တာစံရွှေဝင်း(ရေကြည်မဲဆန္ဒနယ်)၊ ဦးခင်ချို(လှိုင်းဘွဲ့ မဲဆန္ဒနယ်)၊ ဦးနေမျိုးထက်(ကျောက်တံတားမဲဆန္ဒနယ်)၊ ဒေါ်အေးမြမြမျိုး(ကျောက်တန်း မဲဆန္ဒနယ်)၊ နော်လှလှစိုး(ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်-၁၀)၊ ဦးဝင်းထွဋ်(ဖျာပုံ မဲဆန္ဒနယ်)၊ ဒေါက်တာတင်ဌေးအောင်(ရေစကြိုမဲဆန္ဒနယ်)၊ ဒေါက်တာသန်းအောင်စိုး(မင်းလှ မဲဆန္ဒနယ်)၊ ဦးခင်မောင်သီ(လွိုင်လင်မဲဆန္ဒနယ်)၊ ဦးအောင်ကျော်ကျော်ဦး(လှိုင်မဲဆန္ဒနယ်)၊ ဒေါက်တာမောင်မောင်(ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်-၆)၊ ဦးမောင်မောင်ဦး(အင်းစိန် မဲဆန္ဒနယ်)၊ ဦးကံမြင့်(သရက်မဲဆန္ဒနယ်)၊ ဦးရန်လင်း(ကျိုက်လတ်မဲဆန္ဒနယ်)၊ ဒေါ်ချိုချို (အုတ်တွင်းမဲဆန္ဒနယ်)၊ဒေါ်ဖြူဖြူသင်း(မင်္ဂလာတောင်ညွန့်မဲဆန္ဒနယ်)၊ ဦးမျိုးဝင်း (မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ်-၈)၊ ဦးလှဆန်း (မကွေးတိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်-၁)၊ ဦးခင်ဝင်း (မကွေးတိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်-၂)၊ ဦးမောင်မောင်အုန်း (ဧရာ၀တီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်-၅)၊ ဒေါ်အိအိပြုံး (ဧရာ၀တီတိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်-၈)၊ ဒေါက်တာပြည့်ဖြိုး (ဧရာ၀တီတိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်-၇) နှင့် ဒေါက်တာခွန်ဝင်းသောင်း (ကချင်ပြည်နယ်မဲဆန္ဒနယ် အမှတ်-၁၁)တို့မှ ဆွေးနွေးသည်။

ပြည်ထောင်စုလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၁၆)ရက်မြောက်နေ့ ရပ်နားလိုက်ပြီး (၁၇)ရက်မြောက်နေ့ကို ၂၀၁၇ခုနှစ်၊ သြဂုတ်လ ၁၅ ရက်(အင်္ဂါနေ့) နံနက် ၁၀ နာရီတွင် ကျင်းပမည် ဖြစ်ကြောင်း သတင်းရရှိသည်။

Related Posts:

ဥပဒေများ

ကော်မတီ/ကော်မရှင်များ