ပြည်ထောင်စုလွှတ်တော် နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ဂျပန်နိုင်ငံ၊ NPO Asia Environmental Technology Promotion Institute မှ Executive Director, Mr. Akio Kawakami အား လက်ခံတွေ့ဆုံ နေပြည်တော် ဩဂုတ် ၃

ပြည်ထောင်စုလွှတ်တော် နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း သည် ဂျပန်နိုင်ငံ၊ NPO Asia Environmental Technology Promotion Institute မှ Executive Director, Mr. Akio Kawakami အား ယနေ့ ၁၄၀၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော် နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နှင့်အတူ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ထိုသို့တွေ့ဆုံရာတွင်NPO Asia Environmental Technology Promotion Institute ၏ အစီအစဉ်ဖြင့် ဂျပန်နိုင်ငံတွင် ပြုလုပ်မည့် 3rd Industrial Human Resources Development Symposium သို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ ပါဝင် တက်ရောက် နိုင်ရေးကိစ္စ၊ မြန်မာ-ဂျပန် ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စတို့နှင့် စပ်လျဉ်း၍ ရင်းနှီးခင်မင်စွာ ဆွေးနွေးခဲ့ကြသည်။

Related Posts:

ဥပဒေများ

ကော်မတီ/ကော်မရှင်များ