ပုဂ္ဂလိကလုံခြုံရေးဥပဒေ (မူကြမ်း) ရေးဆွဲရေး ညှိနှိုင်းဆွေးနွေး

ပုဂ္ဂလိကလုံခြုံရေးဥပဒေ (မူကြမ်း) ရေးဆွဲရေး ညှိနှိုင်းဆွေးနွေး

-        နိုင်ငံတကာအဆင့်မီ ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းများ ပေါ်ထွန်းလာစေရန်၊
-        ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းအဖွဲ့အစည်းများ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော် ၏လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကဏ္ဍကို အထောက်အကူပြုစေရန်၊
-        ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းများနှင့်သက်ဆိုင်သော လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက် လာစေရန်…………
စသည်တို့အတွက် ရည်ရွယ်၍ ပုဂ္ဂလိကလုံခြုံရေးဥပဒေမူကြမ်းရေးဆွဲသည့် ညှိနှိုင်းအစည်းအဝေးအား ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့၊ နေ့လယ် ၁ နာရီ ၃၀ မိနစ် အချိန်တွင် ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် (I-1) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
  အဆိုပါအစည်းအဝေးသို့ အထူးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ လွှတ်တော်ကိုယ်စားလှယ်များ၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထဲရေးဝန်ကြီးဌာန(အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန)တို့မှ တာဝန် ရှိသူများ၊ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုတရား လွှတ်တော်ချုပ်ရုံးမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ တာဝန်ရှိသူများ၊ ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှု လုပ်ငန်းများအသင်းမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

Related Posts:

ဥပဒေများ

ကော်မတီ/ကော်မရှင်များ