ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ အစည်းအဝေးကျင်းပ နေပြည်တော် ဇွန် ၁၄

ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ အစည်းအဝေးကျင်းပ   နေပြည်တော် ဇွန် ၁၄

         လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသော မြန်မာ့ပိုင်နက်ပင်လယ်နှင့်ပင်လယ်ဇုန်များ ဥပဒေကြမ်းနှင့်စပ်လျဉ်းသည့် အစည်းအဝေးကို ၂၀၁၇ ခုနှစ်၊ ဇွန်လ ၁၄ ရက် ၁၃၀၀ နာရီအချိန်တွင် ပြည်ထောင်စုလွှတ်တော် D ဆောင်၊ ဒုတိယထပ် ဥပဒေကြမ်းပူးပေါင်းကော်မတီ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
    အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ (၁)၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင်များ၊ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်တွင် ဆွေးနွေးခဲ့သည့် ကိုယ်စားလှယ်များ၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင်၊ ရေတပ်ပင်မတိုင်းတာရေးတပ်မှ ဗိုလ်မှူးချုပ်မင်းသိန်းတင့်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး နှင့် ပြည်ထောင်စုလွှတ်တော်ရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

Related Posts:

ဥပဒေများ

ကော်မတီ/ကော်မရှင်များ