ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး သတ္တမနေ့ ကျင်းပ နေပြည်တော် ဇွန် ၁၄

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး သတ္တမနေ့ ကျင်းပ   နေပြည်တော် ဇွန် ၁၄

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး သတ္တမနေ့ကို အစီအစဉ် (၁၀)ခုဖြင့် ကျင်းပသည်။

ရှေးဦးစွာ နိုင်ငံတော်သမ္မတ အဆိုပြုတင်ပြသော ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများအဖြစ် ခန့်အပ်တာဝန်ပေးရန် တင်ပြထားသော ပုဂ္ဂိုလ်များ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များအဖြစ် ခန့်အပ်တာဝန်ပေးရန် တင်ပြထားသော ပုဂ္ဂိုလ်များနှင့် စပ်လျဉ်း၍ လွှတ်တော်က သဘောတူကြောင်းကြေညာသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော မွန်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီးအဖြစ် ဦးမင်းကျော်လွင် အား ခန့်အပ်တာဝန် ပေးခြင်းကို တင်ပြပြီး လွှတ်တော်က မှတ်တမ်းတင်သည်။

လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသော ရေနံလက်ယက်တွင်းဆိုင်ရာဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာကို ဥပဒေကြမ်းပူးပေါင်းကော်မတီအဖွဲ့ဝင် ဦးဇော်ဝင်း (ထန်းတပင်မဲဆန္ဒနယ်) က ဖတ်ကြားတင်ပြသည်။

အထက်ပါဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ၁၆-၆-၂၀၁၇ ရက် (သောကြာနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

ပြည်ထောင်စုလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး သတ္တမနေ့ကို ရပ်နားလိုက်ပြီး အဋ္ဌမနေ့ကို ၂၀-၆-၂၀၁၇ ရက် (အင်္ဂါနေ့) နံနက် ၁၀၀၀ နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။


Related Posts:

ဥပဒေများ

ကော်မတီ/ကော်မရှင်များ